ခရီးသည် ၅၄ဦးပါ အင်ဒိုနီးရှားလေကြောင်းလိုင်း ပျောက်ဆုံး

ခရီးသည် ၅၄ဦးပါ အင်ဒိုနီးရှားလေကြောင်းလိုင်း ပျောက်ဆုံး

ခရီးသည် ၅၄ဦးပါသည့် အင်ဒိုနီးရှားပြည်တွင်းခရီးသည်တင် လေယာဉ်တစ်စင်းသည် သြဂုတ် ၁၆ ရက်က ပျံသန်းသွားစဉ် ပါပူဝါအရပ်တွင် လေကြောင်းထိန်းချုပ်စခန်းနှင့် ဆက်သွယ်မှုပြတ်တောက်သွားကာ ပျောက်ဆုံးလျက်ရှိနေကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက ပြောသည်။

"လေယာဉ်နဲ့ ဆက်သွယ်မှုပြတ်တောက်ပြီး ဆက်သွယ်လို့ မရဘူး။”ဟု အေဂျင်စီမှ အကြီးအကဲဖြစ်သူ ဘန်ဘန်ဆိုလီစတိုင်ယိုက ရိုက်တာသို့ ဖုန်းဖြင့် ပြောကြားသည်။

အေဂျင်စီ၏ တရားဝင်တွစ်တာပေါ်တွင် ပျောက်ဆုံးလျက်ရှသည့် လေယာဉ်သည် Trigana Air Service လေကြောင်းလိုင်းမှ ပိုင်ဆိုင်ပြီး ခရီးသည် အရွယ်ရောက်ပြီး ၄၄ ဦး၊ ကလေးငယ် ငါးဦးနှင့် အမှုထမ်း ငါးဦးတို့ လိုက်ပါသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly