တီယန်ကျင်းပေါက်ကွဲမှု ပျောက်ဆုံးသူ တစ်ရာနီးပါးရှိနေဆဲ၊ သေဆုံးသူ ၁၁၂ ဦးရှိသွားပြီဖြစ်

တီယန်ကျင်းပေါက်ကွဲမှု ပျောက်ဆုံးသူ တစ်ရာနီးပါးရှိနေဆဲ၊ သေဆုံးသူ ၁၁၂ ဦးရှိသွားပြီဖြစ်

တရုတ်နိုင်ငံ တီယန်ကျင်းဆိပ်ကမ်းမြို့တွင် ဖြစ်ပွားခဲ့သည့် စက်ရုံပေါက်ကွဲမှုအတွင်း ပျောက်ဆုံးလျက်ရှိသူပေါင်းမှာ မီးသတ်သမား ၈၅ ဦးအပါအဝင် ၉၅ ဦးရှိနေကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။

ယင်းပေါက်ကွဲမှုအတွင်း သေဆုံးသူပေါင်းမှာ ၁၁၂ ဦးရှိပြီး ဆေးရုံတင်ထားရသူ ရာပေါင်းများစွာရှိသည်။

ဓာတုဒြပ်စင်များ သိုလှောင်ရာဂိုထောင်ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုပြင်းထန်ပြီး တွေ့ရှိအလောင်းများမှာ မည်သူမည်ဝါရုပ်မပျက်ခွဲသိနိုင်သည့် အလောင်းက အနည်းငယ်သာရှိသည်ဟု ဆိုသည်။

ကောလဟလမျိုးစုံထွက်ရှိနေသဖြင့် ဝက်ဘ်ဆိုက်ဒါဇင်များစွာကိုလည်း သိမ်းထားလိုက်သည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြည်သူများအလန့်တကြားဖြစ်အောင် အတည်မရှိသည့် သတင်းများတင်နေသည့် ဝက်ဘ်ဆိုက်များမှာ ၅၀ မက ရှိကြောင်း နိုင်ငံပိုင်သတင်းဌာန ဆင်ဝှာက ကြေညာသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သြဂုတ် ၁၃ ရက်နေ့က စကာ ပိတ်ထားလိုက်ရသည့် လူမှုမီဒီယာအကောင့်ပေါင်း ရာနှင့်ချီရှိသည်။

သြဂုတ် ၁၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူများတွင် မည်သူမည်ဖြစ်ကြောင်း ခွဲထုတ်ပြောနိုင်သည့် အလောင်းပေါင်း ၂၄ လောင်းသာရှိပြီး ပညာရှင်များက ဆက်လက်၍ ဒီအင်န်အေ ခွဲခြမ်းစိတ်ဖြာခြင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

ပေါက်ကွဲမှုအတွင်း မီးသတ်သမား ၂၁ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူပေါင်းမှာ ၇၂၁ ဦးရှိပြီး ၂၅ ဦး၏ အခြေအနေမှာ အလွန်စိုးရိမ်ရပြီး ၃၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly