ရခိုင်ပြည်နယ်အတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များ နယ်မြေတည်ငြိမ်အေးချမ်းမှု ဆောင်ရွက်ထားမှုအပေါ် စုံစမ်းစစ် ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေ

ရခိုင်ပြည်နယ်အတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များ နယ်မြေတည်ငြိမ်အေးချမ်းမှု ဆောင်ရွက်ထားမှုအပေါ် စုံစမ်းစစ် ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေ
ဓာတ်ပုံ-EPA
 

ရန်ကုန်၊ အောက်တိုဘာလ ၁၃ ။           ။ အကြမ်းဖက်သမားများ တိုက်ခိုက်မှုခံခဲ့ရသော ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်းအေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်   ပေးအပ်သည့်တာဝန်အတိုင်း ဆောင်ရွက်ထားမှု ရှိ/မရှိကို စုံးစမ်းစစ်ဆေး ရေးအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် သည်။

အဆိုပါ စုံစမ်းစစ်ဆေးအဖွဲ့ကို တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်၍ ဖွဲ့ စည်းထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင်ရာ   ဆောင်ရွက်မှုများ အပေါ် ပေးအပ်သည့် တာဝန်များအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိကို လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရရှိလာသော အချက်အလက်အပြည့်အစုံများကိုလည်း  တရားဝင်သတင်းထုတ် ပြန်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ရက် စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ  ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များအတွင်း တပ်ရင်းဌာနချုပ် ၁ ခု၊ ရဲကင်းစခန်း ၃ဝ ခုတို့အား  ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင် နက်တည်း တိုက်ခိုက်ခဲ့သည်။

ထို့သို့ အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြည်သူများအကျိုးစီးပွားနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ထိခိုက် လာသည့် အတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ- ၃၄၁ အရသော်လည်းကောင်း၊   နိုင်ငံတော် အစိုးရမှ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ချက်အရလည်းကောင်း၊ အဆိုပါ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ARSA အကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့် အညီ ရှင်းလင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုပ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly