တရားမဝင်တင်ဆောင်လာသော ဆာလဖျူရစ်အက်စစ်အရည် လီတာ ၂ သောင်းခွဲ ကျော်ဖမ်းမိ

တရားမဝင်တင်ဆောင်လာသော ဆာလဖျူရစ်အက်စစ်အရည် လီတာ ၂ သောင်းခွဲ ကျော်ဖမ်းမိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ အောက်တိုဘာလ ၁၃ ။           ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လားရှိုးမှ ပင်လုံသို့မောင်းနှင်လာသော ၁၂ ဘီးကား နှစ်စီးပေါ်မှ တရားမဝင်တင်ဆောင်လာသော ဆာလဖျူရစ်အက်စစ်အရည် ၂၆၄၁၈ လီတာအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၁၃ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းမှ အောက်တိုဘာ ၁၁ ရက်၊ နံနက် ပိုင်းတွင်  အဆိုပါ ၁၂ ဘီးယာဉ်နှစ်စီးကို မသင်္ကာ၍ ရပ် တန့်စစ်ဆေးရာမှ ဆာလဖျူရစ်အက်စစ်အရည် ၂၆၄၁၈ လီတာအား ယာဉ်မောင်း ၂ ဦးနှင့်အတူ ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၂ ဘီးကားနှစ်စီးအား မောင်းနှင်လာသူများမှာ စိုင်းအောင်ဖေထွေးဆိုသူနှင့် မျိုးဝင်းဆိုသူတို့ဖြစ်ပြီး ၎င်းတို့မောင်းနှင်လာသော ကားပေါ်မှ ဆာလဖျူရစ်အက်စစ်များ ထည့်ထားသည့် သံပီပါ ၁ဝ၇ လုံး၊ ပလတ် စတစ်ပီပါ ၁၃ လုံးနှင့် ၅ ဂါလန်ဝင်ပုံး ၅၈ လုံး၊ စုစုပေါင်း ဆာလဖျူရစ်အက်စစ်အရည် ၂၆,၄၁၈ လီတာတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် ဆာလဖျူရစ်အက်စစ်များ၊ ၁၂ ဘီးကားနှစ်စီးနှင့်အတူ ယာဉ်မောင်း ၂ ဦးတို့ကို တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် မိုင်းကိုင်မြို့နယ်ရဲစခန်းသို့  တပ်မတော်စစ်ကြောင်းမှ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly