အိန္ဒိယ-မြန်မာ နယ်စပ် ကင်းစောင့်ခြင်းကို ပိုမိုတင်းကျပ်မည်

အိန္ဒိယ-မြန်မာ နယ်စပ် ကင်းစောင့်ခြင်းကို ပိုမိုတင်းကျပ်မည်

အန္ဒိယ (မဇ္ဈိမ) ။ ။ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကြား နယ်စပ် ၁၆၄၃ ကီလိုမီတာတစ်လျှောက်သည် နယ်မြေပိုင်ဆိုင်မှုအတွက် စောင့်ကြည့်နေရခြင်းမရှိသည့် အရပ်ဒေသများဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေး ဒုတိယဝန်ကြီး Khiren Rijjuju က ပြောသည်။ 

"ဒါကြောင့် NSCN(K) တို့လို သူပုန်အဖွဲ့တွေအတွက် ခြေကုပ်စခန်းချစရာ ကောင်းတဲ့နေရာတွေဖြစ်နေရတယ်။”ဟု Hindu သတင်းစာသို့ ပြောသည်။

"အိန္ဒိယနဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ခုလို အစောင့်အကြပ် ခိုင်ခိုင်မာမာချထားခြင်းမရှိတာကြောင့် သူပုန်တွေအတွက် အခွင့်ကောင်းဖြစ်နေတယ်။” ဟု ၎င်းကပြောကြားခြင်းဖြစ်သည်။

နယ်စပ်စည်းရိုးကာရန် အိန္ဒိယနိုင်ငံအနေဖြင့် သဘောတူညီမှုတစ်ရပ်ရရန် လိုအပ်ကြောင်း ရှင်းပြရာတွင် "လက်ရှိမှာ နယ်စပ်မျဉ်းမှာ တပ်တွေဖြန့်ထားခြင်းလည်း မလုပ်နိုင်ဘူး။ စည်းရိုးကာဖို့လည်း လုပ်ဆောင်တာမျိုးမရှိဘူး။ ကျွန်တော်တို့အနေနဲ့ နယ်စပ်တစ်လျှောက်မှာ ကင်းလှည့်စောင့်ကြည့်ခြင်းကို ပိုမိုတိုးမြှင့် တင်းကျပ်လုပ်ဆောင်ရပါမယ်။ သူပုန်တွေက နယ်စပ်မှာ ခြေကုပ်ယူထားတယ်။ ဒါက နှစ်နိုင်ငံလုံးအတွက် စိုးရိမ်စရာပြဿနာပါ။”ဟု Khiren Rijjuju ကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly