ဒီဘရိုင်းအတွက် ပေါင် ၄၇ သန်းထက် ပိုပေးမည် မဟုတ်ဟု မန်စီးတီး ကြေညာ

ဒီဘရိုင်းအတွက် ပေါင် ၄၇ သန်းထက် ပိုပေးမည် မဟုတ်ဟု မန်စီးတီး ကြေညာ

သြဂုတ် ၁၆၊ မန်ချက်စတာ။ ။ မန်စီးတီးအသင်းသည် ဝုဖ်ဘတ်အသင်းမှ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဘရိုင်းကို ခေါ်ယူရန် ဆန္ဒပြင်းပြနေသော်လည်း ပြောင်းရွှေ့ကြေး ပေါင် ၄၇ သန်းထက်ပိုပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ပြီးခဲ့သည့်အပတ်က မန်စီးတီးအသင်းသည် ဒီဘရိုင်းကို ခေါ်ယူရန် ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဝုဖ်ဘတ်အသင်းက ပေါင် ၅၇ သန်းတောင်းဆိုခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ဒီဘရိုင်း၏ အေးဂျင့်ဖြစ်သူက အပြောင်းအရွှေ့ဖြစ်မြောက်လာရန်အတွက် ၎င်းတို့ဘက်မှ အောက်ကျခံလိမ့်မည် မဟုတ်ကြောင်းနှင့် ဒီဘရိုင်းမှာ ဝုဖ်ဘတ်မှ ထွက်ခွာရန် ကြိုးစားနေခြင်း မရှိကြောင်း ပြောသည်။ သို့သော် မန်စီးတီးကလည်း တစ်ပတ်လစာငွေ ပေါင် ၂ သိန်းဆိုသည့် ပမာဏကြောင့် ဒီဘရိုင်းအနေဖြင့် အီတီဟတ်သို့ လာရောက်လိုလိမ့်မည်ဟု ယုံကြည်နေသည်။

မန်စီးတီးအသင်းသည် ဒီဘရိုင်းအပြင် ဘာစီလိုနာတောင်ပံကစားသမား ပက်ဒရိုနှင့် ဗလင်စီယာနောက်ခံလူ အော့တာမန်ဒီတို့ကို ခေါ်ယူနိုင်ရန်အတွက် မန်ယူနှင့်အပြိုင် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly