မင်္ဂလာဒုံတွင် ကားနှင့် ဆိုင်ကယ်တိုက် ၊အမျိုးသမီးတစ်ဦး သေဆုံး

မင်္ဂလာဒုံတွင် ကားနှင့် ဆိုင်ကယ်တိုက် ၊အမျိုးသမီးတစ်ဦး သေဆုံး
ဓာတ်ပုံ-ကိုထင်လင်းအောင်
 

ရန်ကုန်၊ အောက်တိုဘာလ ၁၂ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃လမ်းမ၊ ညောင်ပင်မှတ်တိုင်အနီးတွင် ကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္ဈိမသို့ ပြောသည်။

အောက်တိုဘာလ ၁၁ ရက်၊ ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသော အမျိုးသမီးမှာ ဦးခေါင်းပုံပျက်ဒဏ်၊ခြေထောက်ပုံပျက်ဒဏ်များဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သည့် အမျိုးသားမှာ ဦးခေါင်း နောက် စိဖူးရောင်၊ ရင်ဘတ်စုတ်ပြဲဒဏ်ရာနှင့် ခြေထောက်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ ဆိုင်ကယ်ကလည်း သူ့လမ်းသူမောင်းတာပေါ့။ ဦးထုပ်တော့ မဆောင်းလာဘူး။ ကားကလည်း သူ့လမ်းသူ သွားတာပေါ့။ ညောင်ပင်မှတ်တိုင်နားရောက်တော့ ဒီဆိုင်ကယ်က အပေါ်ယာဉ်ကြောကနေ တစ်ဖက်ယာဉ် ကြောကို ကွေ့ဝင်ဖို့ လုပ်တဲ့အချိန်မှာတိုက်မိတာပေါ့။ အမျိုးသမီးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်။ အမျိုးသားကတော့ ရင်ဘတ်စုတ်ပြဲသွားတယ်။ ခြေထောက်တွေလည်း စုတ်ပြဲသွားတာပေါ့”ဟု ကိုထင်လင်းအောင်က ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာများရရှိခဲ့သော အမျိုးသားအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကားပေါ်မှ ယာဉ်မောင်းအား မင်္ဂလာဒုံမြို့မရဲစခန်းမှ လှည့်ကင်းတာဝန်ကျ ရဲဝန်ထမ်းများက ထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီး အရေးယူဆောင်ရွက်နိုင်ရန် ရန်ကုန်မြောက်ပိုင်းခရိုင်ယာဉ်မှုစစ် ထံသို့ ပြန်လည်လွဲအပ်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly