ပရီးမီးယားလိဂ်တွင် ၂ နှစ် ၃ နှစ်ခန့် အိုဇေးလ်ထပ်မံကစားလိုကြောင်း အေးဂျင့်ဖြစ်သူ အတည်ပြု

ပရီးမီးယားလိဂ်တွင် ၂ နှစ် ၃ နှစ်ခန့် အိုဇေးလ်ထပ်မံကစားလိုကြောင်း အေးဂျင့်ဖြစ်သူ အတည်ပြု

 

အောက်တိုဘာ ၁၂၊ အင်္ဂလန် ။               ။ အိုဇေးလ်၏အေးဂျင့်ဖြစ်သူက သူ၏ကစားသမားသည် ပရီးမီးယားလိဂ်တွင်  ၂ နှစ်၊ ၃ နှစ်ခန့်ထပ်မံကစားလိုသေးကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အိုဇေးလ်၏အနာဂတ်အတွက် အာဆင်နယ်အသင်း တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ပြီးနောက် အေးဂျင့်အာကက်ဆိုဂတ်က ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

အိုဇေးလ်သည် ယခုနှစ်ရာသီအကုန်တွင် အာဆင်နယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အသင်းပြောင်းတော့မည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်သည်။ ၎င်းကို တူရကီကလပ် ဘီဆစ်တပ်စ်အသင်းကလည်း စိတ်ဝင်စားလျက်ရှိသည်။

“ဘီဆစ်တပ်စ်အသင်းက သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတော့ အိုဇေးလ်က ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်ခံစဉ်းစား နိုင်လောက်တဲ့ အချက်အလက်တွေ မရရှိခဲ့ပါဘူး။

တကယ်လို့ ကမ်းလှမ်းမယ့် ရရှိခဲ့မယ်ဆိုရင်တောင် အိုဇေးလ်က ပရီးမီးယားလိဂ်မှာပဲ ၂ နှစ် ၃ နှစ်လောက် ထပ်ကစားလိုနေပါသေးတယ်။ အာဆင်နယ်အသင်းနဲ့ဆက်လက်ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရှေ့ဆက်နေပါတယ်” ဟု အိုဇေးလ်၏အေးဂျင့်က ပြောဆိုခဲ့သည်။

ရည်ညွှန်း thesun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly