သုက်လှူတယ်ဆိုတာ ဘယ်လိုလဲ။

သုက်လှူတယ်ဆိုတာ ဘယ်လိုလဲ။

ရေးသားသူ Phyo Wai Yan 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

သုက်ရည်လှူ ဒါန်းတယ်ဆိုတာ လွယ်ကူသလိုထင်ရပါတယ်။ ဆေးခန်းကိုသွား, စာရင်းပေး, ပြီးရင်ခွက်လေးထဲထည့်မယ်။ ဒါပေမယ့် ဒီလောက်မရိုးရှင်းပါဘူး။ လှူဒါန်းတဲ့ကိစ္စတစ်ခုလုံးဟာ သင်ထင်တာထက်ပိုပြီး ရှုပ်ထွေးသလို အချိန်လည်း ကုန်ပါတယ်။

သုက်လှူမယ်ဆိုရင် သင်အင်တာဗျူး အောင်ရပါမယ်

သုက်ပိုးလှူတယ်ဆိုတာ အလုပ်လျှောက်တာနဲ့တောင်တူပါတယ်။ ပထမဆုံးသင့်ကို စစ်ဆေးပါမယ်။ ဆရာဝန်ကသင့်ကိုယ်အလေးချိန် အရပ်ကိုတိုင်းမယ်။ နောက် သင်ကဆေးလိပ် ဒါမှမဟုတ် အရက်သောက်သူလား၊ သင့်ရောဂါရာဇဝင်နဲ့ မိသားစုမျိုးရိုးလိုက်တဲ့ ရောဂါတွေရှိမရှိမေးခွန်းတွေ မေးပါမယ်။သွေးစစ်တာနဲ့ ဗီဇ DNA စစ်ဆေးပြီးသုက်ပိုးအလှူ ရှင်ဖြစ်ဖို့ ကျန်းမာရေးစံမှီ၊မမှီကိုကြည့်ပါမယ်။

ဒါ့အပြင်သုက်ရည်အနည်းငယ်ကိုလည်းနမူနာစမ်းသပ်ဖို့ပေးရပါဦးမယ်။ဆေးခန်းပေါ်မူတည်ပြီးတော့ သင့်သုက်ပိုးမှာရောဂါရှိမရှိ သေချာအောင်လုပ်တဲ့ နမူနာများများယူရတာတွေရှိပါတယ်။ဒါကြောင့်ဆေးခန်းကို တစ်ခေါက်ထက် ပိုသွားရချေရှိပါတယ်။

ဒီအဆင့်ပြီးရင် သင့်ဘာကြောင့် သုက်ပိုးလှူဒါန်းချင်ရသလဲဆိုတာ မေးမြန်းပါလိမ့်မယ်။သင် သုက်လှူတာနဲ့ပတ်သက်ပြီး သိချင်တဲ့မေးခွန်းတွေကိုလည်း ဒီအဆင့်မှာမေးနိုင်ပါတယ်။ဓာတ်ခွဲခန်းပညာရှင်တွေက သင့်နမူနာကို အနုကြည့်မှန်ပြောင်းနဲ့ကြည့်ပြီး သုတ်ပိုးအရေအတွက်, လှုပ်ရှားမှု, နဲ့ ပုံသဏ္ဌာန်ကိုလေ့လာမှာဖြစ်ပါတယ်။ပြီးရင်အေးခဲထားခံနိုင်လားသိနိုင်ဖို့ စမ်းသပ်အေးခဲကြည့်ပါမယ်။အချို့ဓာတ်ခွဲခန်းတွေက အသက် ၄၀ နဲ့အထက် လူတွေရဲ့သုတ်ပိုးကို မယူပါဘူး။ပိုပြီးပျက်စီးနေတတ်လို့ပါ။ဒါပေမယ့်သင့်မှာ ကလေးတွေရှိမယ်ဆိုရင်တော့ အခွင့်အရေးရှိပါတယ်။ဘာလို့ဆိုတော့ ဒါဟာ သင့်ရဲ့မျိုးအောင်နိုင်စွမ်းကိုပြလို့ပါ။
ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကလွဲလို့ ဆေးခန်းတွေ, စုံတွဲတွေနဲ့ မိန်းကလေးတွေ သုံးတဲ့ အသုံးဝင်အချက်အလက်တွေကတော့ :
– အလှူ ရှင်က အသက် ၁၈- ၁၉ အောက်မငယ်ရ အသက် ၃၈- ၄၀ ထက်မကြီးရ။
– အရပ်ကတော့ ၁.၇ မီတာထက်ကျော်ရပါမယ်
– အနိမ့်ဆုံး ပညာအရည်အချင်းက အထက်တန်းအောင်ပြီးသားဖြစ်ရပါမယ်။အချို့သုတ်ရည်ဘဏ်တွေက တက္ကသိုလ်တစ်ခုခုတက်ရောက်နေသူ အလှူရှင် ကိုလိုချင်ကြပါတယ်။
– အများစုသော ဘဏ်တွေကအိမ်ယာရှိပြီး တိုးတက်တဲ့နေရာမှာနေတဲ့ အလှူ ရှင်ကိုလိုချင်ပါတယ်။
– ဒီလို ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေအပြင် အချို့တွေက ဘာသာရေးနဲ့ လူမျိုးနောက်ခံအချက်တွေပါ ထည့်စဉ်းစားကြပါတယ်။

သင်ဘာကြောင့် သုက်ပိုးလှူ ဒါန်းသင့်သလဲ

အလှူ ရှင်ပြတ်လပ်မှုတွေရှိတာကြောင့်ရယ် လိုအပ်ချက်တွေက လက်ရှိလှူ ထားတာတွေထက်ပိုများနေတာကြောင့်ရယ်ပါ။ သုက်ရည်အလှူ ရှင်တွေမှာ ကျန်းမာရေးဆိုးကျိုးတွေမရှိပါဘူး။ ဒါ့အပြင်လှူ တယ်ဆိုတာက သူတစ်ပါးကို ကူညီဖို့ပါ။အလှူ ရှင်တွေရနိုင်တဲ့အကျိုးဆိုတာ သူတစ်ပါးကိုကူညီလိုက်ရခြင်းပါ။တစ်ချိုကယောက်ျားသားတွေက ဒီလိုအလှူ ရှင်ဖြစ်ရတာဟာ လူမှုရေးတာဝန်တစ်ခုပါဆိုပြီးတွေးကြသလို တစ်ချို့ကလည်း သူတို့မျိုးဆက်ကျန်ဖို့ ဆန္ဒနဲ့ လှူ ကြပါတယ်။တစ်ချို့တွေကလည်း မျိုးမအောင်ခြင်း ပြသနာဖြစ်တဲ့သူတွေကိုသိပြီး အကူအညီနဲ့အပြောင်းအလဲတစ်ခုဖြစ်စေဖို့ လုပ်ကြတာပါ။ဒီလိုလူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေထဲက တစ်ရက်လောက်မသက်မသာခံစားရုံလေးနဲ့ သူတစ်ပါးရဲ့ အိပ်မက်တစ်ခုကိုတကယ်ဖြစ်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာ သိထားကြသူတွေဖြစ်ပါတယ်။ဒီလိုမျိုးလက်ဆောင်တစ်ခုရဲ့တန်ဖိုးက လက်ခံသူရောမျှဝေသူအတွက်ပါ တန်ဖိုးသတ်မှတ်မရနိုင်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly