ဒေါ်နယ်ထရမ့်ကို ရက်ပ်စာသားများနှင့် ထိုးနှက်တိုက်ခိုက်လိုက်သည့် အမ်မီနမ်

ဒေါ်နယ်ထရမ့်ကို ရက်ပ်စာသားများနှင့် ထိုးနှက်တိုက်ခိုက်လိုက်သည့် အမ်မီနမ်

 

နာမည်ကျော်ရက်ပ်အဆိုတော် အမ်မီနမ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို သူ၏ရက်ပ်သီချင်း ဗီဒီယိုအသစ်နှင့်အတူ ထိုးနှက်တိုက်ခိုက်လိုက်သည်။

လေးမိနစ်ခွဲခန့်ကြာမြင့်သော အဆိုပါရက်ပ်သီချင်းဗီဒီယိုထဲ၌ အမ်မီနမ်သည် ဒေါ်နယ်ထရမ့်ကို အသက် ၉၄နှစ် အရွယ် လူမျိုးရေးခွဲခြားတတ်သည့် အဖိုးကြီးဟု ခေါ်ဝေါ်သမုတ်ထားသလို ထရမ့်ကိုထောက်ခံသည့် သူ၏ ပရိသတ်များကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

“သူ့ကို ထောက်ခံတဲ့ကျုပ်ရဲ့ပရိသတ်တွေကို စည်းတစ်ခုဆွဲပြီးတော့ ခွဲခြားလိုက်မယ်။ ထောက်ခံတဲ့သူနဲ့ မထောက်ခံတဲ့သူ ကွဲပြားသွားတာပေ့ါ” ဟု အမ်မီနမ်က BET ဟစ်ဟော့ဂီတဆုပေးပွဲအခမ်းအနား၌   ပြသခဲ့သော သူ၏ရက်ပ်သီချင်း ဗီဒီယိုထဲ၌ သီဆိုခဲ့သည်။

The Storm ဟုအမည်ပေးထားသော freestyle ရက်ပ်သီချင်းဗီဒီယိုထဲ၌ အမ်မီနမ်သည် ကားပါကင်တစ်ခုထဲ၌ ရှိနေပြီး ကင်မရာသို့တိုက်ရိုက်ကြည့်ကာ ရက်ပ်စာသားများကို သူ၏ပင်ဂိုစတိုင်လ်အတိုင်း သီဆိုကာ ဝေဖန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်သည် အမ်မီနမ်အနေဖြင့် ဒေါ်နယ်ထရမ့်ကို ပထမဦးဆုံးအကြိမ် ဝေဖန်ခဲ့ခြင်းမဟုတ်ကြောင်း သိရ သည်။ ပြီးခဲ့သောနှစ်ကလည်း အမ်မီနမ်သည် ကိုးမိနစ်ခန့်ကြာမြင့်သော freestyle ရက်ပ်သီချင်းသီဆိုကာ ဒေါ်နယ်ထရမ့်ကို ထိုးနှက်တိုက်ခိုက်ခဲ့ဖူးသည်။

ထရမ့်အနေဖြင့် အမ်မီနမ်အား မည်သို့ပြန်လည်တုံ့ပြန်မည်ကို တွစ်တာအသုံးပြုသူများက မျှော်လင့်စောင့်စားနေ ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags