အောင်သူနှင့် ပိုမိုနားလည်မှုရှိလာသည်ဟု ကျော်ကိုကိုပြော

အောင်သူနှင့် ပိုမိုနားလည်မှုရှိလာသည်ဟု ကျော်ကိုကိုပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

အောက်တိုဘာ ၁၁၊ ရန်ကုန် ။           ။ ကာဂျစ်စတန်အသင်းနှင့် ၂ ဂိုးစီသရေကျခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးကျော်ကိုကိုက အောင်သူနှင့် ကစားရသည်မှာ တဖြည်းဖြည်း ပိုမိုနားလည်မှု ရှိလာပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကာဂျစ်စတန်နှင့်ပွဲတွင် ကျော်ကိုကိုနှင့် အောင်သူတို့သည် အတွဲအဖက်ညီညီ ကစားနိုင်ခဲ့ကြပြီး ချေပဂိုးများကို သွင်းယူပေးခဲ့ကြသည်။

“အောင်သူနဲ့ အမြဲစကားပြောဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း ကျွန်တော်တို့ ဘယ်လိုကစားကြမလဲဆိုတာ ဆွေးနွေး ဖြစ်ပါတယ်။ သူ့ဆီကနေလည်း လေ့လာသင်ယူပါတယ်။ တဖြည်းဖြည်းနဲ့တော့ ကစားရတာ ပိုပြီးနားလည်မှု ရှိလာပါပြီ။ ဒီထက်ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”ဟုကျော်ကိုကိုက ပြောသည်။

လက်ရွေးစင်အသင်းတွင် ကျော်ကိုကိုအား ပြန်လည်ရွေးချယ်ခဲ့ပြီးနောက်ပိုင်း အောင်သူနှင့် တွဲဖက်ကစားစေခဲ့သော်လည်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ အတွဲအဖက်မညီဟု ဝေဖန်မှုများ ရှိခဲ့သည်။

ကာဂျစ်စတန်ပွဲနှင့် ပတ်သက်၍မူ ကျော်ကိုကိုက အနိုင်ရသင့်သည့်ပွဲဟု ဆိုသည်။ ထို့အပြင် ၎င်းက အာရှဖလားခြေစစ်ပွဲအောင်မြင်ရန်မှာမူ အခွင့်အရေး ၅၀-၅၀ သာ ဖြစ်ကြောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly