ဒဏ်ရာကနေ သက်သာပျောက်ကင်းလာတဲ့ အဂွဲရိုး အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ပြီ

ဒဏ်ရာကနေ သက်သာပျောက်ကင်းလာတဲ့ အဂွဲရိုး အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ပြီ
(ဓာတ်ပုံ - အီးပီအေ)

အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးဟာ ကားမတော်တဆဖြစ်ပွားရာမှ ရရှိခဲ့တဲ့ ဒဏ်ရာကနေ ပြန်လည်ပျောက်ကင်းလာပြီးနောက် အင်္ဂါနေ့က မန်ချက်စတာစီးတီးအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းရန် ရောက်ရှိခဲ့ကြောင်း ပရီးမီးယားလိဂ်အသင်းက ပြောပါတယ်။

စီးတီးအသင်းရဲ့ ထိပ်တန်းဂိုးရှင်ဟာ ပြီးခဲ့တဲ့လက အမ်စတာဒမ်မှာ ကားမတောတဆမှုကြောင့် နံရိုးတစ်ချောင်း ဒဏ်ရာရရှိမှုအရ ကာလရှည်အနားယူရမယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

“ဆာဂျီယိုအဂွဲရိုးဟာ အင်္ဂါနေ့ မနက်ပိုင်းမှာ လေ့ကျင့်ခန်းဆင်းဖို့ ရောက်ရှိလာခဲ့တာကြောင့် မန်စီးတီးပရိသတ်များဟာ ဝမ်းမြောက်ကြပါလိမ့်မယ်”လို့ ကလပ်အသင်းက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

အဂွဲရိုဟာ အသင်းရဲ့ အပေါ့စားလေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ပြီး လာမယ့်ရက်များအတွင်း ပိုမိုပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း ကလပ်အသင်းက ပြောပါတယ်။

စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ရမှတ် ၁၉ မှတ်၊ ဂိုးကွာခြားချက်နှင့်အတူ မြို့ခံပြိုက်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ အထက်မှာ ရှိနေပါတယ်။

စီးတီးဟာ နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးတဲ့နောက် စနေနေ့မှာ စတုတ်စီးတီးကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly