အမျိုးသမီးများ မငြင်းဆန်နိုင်သော အမျိုးသားများ

အမျိုးသမီးများ မငြင်းဆန်နိုင်သော အမျိုးသားများ

ရေးသားသူ Dr . Phyu Mon Latt 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

အမျိုးသားတစ်ယောက်မှာ အမျိုးသမီးတွေက အထင်ကြီးစေဖို့ ဘယ်အချက်အလက်တွေ လိုအပ်ပါသလဲ။ လေ့လာမှုတစ်ခုအရ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်တဲ့ အမျိုးသားတစ်ယောက်ကို အမျိုးသမီးတွေ ငြင်းဆန်နိုင်ဖို့ ခက်ခဲပါတယ်လို့ ဆိုပါတယ်။

၁။ အမျိုးသမီးတွေဟာ ဉာဏ်ကောင်းတဲ့ အမျိုးသားတွေကို ကြိုက်နှစ်သက်ကြပါတယ်။

သူ့မှာ စိတ်ဝင်စားစရာကောင်းပြီး ဉာဏ်သုံးရတဲ့ စကားပြောဆိုမှုတွေ ရှိပြီး့ အမျိုးသမီးတွေရဲ့ တုန့်ပြန်မှုပေါ်ကို အာရုံစိုက်တတ်တဲ့ နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူမကို ရယ်မောအောင်လုပ်နိုင်တဲ့ ဟာသဉာဏ်ရွှင်သူဖြစ်ပြီး နိုင်ငံရေးတွေကို စိတ်ဝင်စားအောင် ပြောတတ်တဲ့ တမူထူးတဲ့ စွမ်းအင်ကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပျင်းစရာမကောင်းလောက်အောင် နာရီပေါင်းများစွာ စကားပြောနိုင်သူလည်း ဖြစ်ပါတယ်။ ဘာလို့ ဒီလိုအမျိုးသားမျိုးဟာ ဆွဲဆောင်မှု ရှိရတာလဲ။ အမျိုးသမီးတွေဟာ သူတို့နဲ့ ဆက်ဆံရေးမှာ အသိပညာကြွယ်ဝတဲ့ ဆက်စပ်မှုကို တည်ဆောက်နိုင်တဲ့ အမျိုးသားတွေကို စိတ်ဝင်စားကြလို့ဖြစ်နိုင်ပါတယ်။

၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသားကို အမျိုးသားတွေ သဘောကျကြပါတယ်။

သူဟာလုံးဝ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး သံသယယုံမှားမှု လုံးဝမရှိပါဘူး။ တင်ပြပုံ ပြတ်သားပြီး စွမ်းအင်နဲ့ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ ဆက်ဆံရေးတစ်ခုမှာ သူမကို အခြား ယောက်ျားလေးတွေကြောင့် ဆုံးရှုံးရမှာ လုံးဝ ပူပန်မှု မရှိသလို သဝန်လည်း လုံးဝမတိုပါဘူး။ ယုံကြည်မှုရှိတဲ့ ယောက်ျားလေးကို မိန်းကလေးတွေ ကြိုက်နှစ်သက်ရခြင်းကတော့ သူူတို့ကိုယ်သူတို့ ယုံကြည်တာကြောင့် မိန်းကလေးတွေကိုလည်း ယုံကြည်စေတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ယုံကြည်မှုရှိတဲ့အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ သဘောတူညီမှုကို ရှာဖွေခြင်းမရှိပါဘူး။ ဒါကပဲ သူမအတွက် သူ့ကို လိုချင်စရာ ဖြစ်နေတာ ဖြစ်ပါတယ်။

၃။ အမျိုးသမီးတွေဟာ အနုပညာ အရည်အသွေးရှိတဲ့ အမျိုးသားတွေကို ကြိုက်နှစ်သက်ပါတယ်။

အနုပညာ အရည်အသွေး ရှိတဲ့အမျိုးသားတွေဟာ တုန့်ပြန်မှု မြန်ပြီး လက်ရှိအချိန်မှာပဲ အသက်ရှင်ကြပါတယ်။ ပြီးတော့ သူ့ရဲ့ ဖန်တီးမှုနဲ့ သူမကို ပိုးပန်းနိုင်ပါတယ်။ ဥပမာ သူမအတွက် ရေးထားတဲ့ အချစ်သီချင်းတစ်ပုဒ် (သို့) သူမ ပုံတူ ပန်းချီကားတွေနဲ့ သူမကို ပျော်ဝင်စေတာ ဖြစ်ပါတယ်။

အနုပညာ အရည်အချင်းရှိတဲ့သူတွေဟာ အမျိုးသမီးတွေရဲ့ သူတို့ဟာ ထူးခြားပြီး အဖိုးတန်တယ်လို့ ခံစားချင်မှုကို သိရှိတာကြောင့် အမျိုးသမီးတွေ ဂရုစိုက်မှုကို ခံရတတ်ပါတယ်။ ဒါကြောင့် သူမအရေးကြီးကြောင်း ပြဖို့အတွက် အကောင်းဆုံးနည်းကတော့ သူမအတွက် ကဗျာ (သို့) သီချင်း ရေးပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖန်တီးနိုင်စွမ်းနဲ့ သူ့ရဲ့ အနုပညာ အလုပ်ထဲကို သူမကို ထည့်သွင်းလုပ်ဆောင်တာကို ကြိုက်နှစ်သက်ကြပါတယ်။

၄။ စဉ်းစားပေးတတ်တဲ့ အမျိုးသားဟာ အမျိုးသမီးတွေအတွက် အကောင်းဆုံးပါပဲ။

သူဟာ သူမကို ကားတံခါးဖွင့်ပေးရုံတင်မကပါဘူး။ ကားထဲကပါ ဆွဲထုတ်ပေးပါလိမ့်မယ်။ ဒါ့အပြင် အစားအသောက်အတွက် ကုန်ကျစရိတ်ကို ရှင်းပေးပြီး သူမကို အချိုပွဲ ဆက်လက်သုံးဆောင်စေပါလိမ့်မယ်။ သူဟာ သူမကို သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခုနဲ့ အပြင်ကို ခေါ်ထုတ်ဖို့ တံခါးရှေ့ကို အရောက်လာပါလိမ့်မယ်။ သူဟာ သူမရဲ့ ဆန္ဒနဲ့ ခံစားမှုကိုလည်း အလေးအနက်ထားတတ်ပါတယ်။
ဘာကြောင့် စဉ်းစားပေးတတ်တဲ့အမျိုးသားတွေက တောင့်ခံဖို့ ခက်လဲရတာလဲ။

ရိုင်းစိုင်းတဲ့ အမျိုးသားတွေ၊ ပြန်ဖုန်းမခေါ်တဲ့ အမျိုးသားတွေနဲ့ တွေ့ခဲ့တဲ့ အတွေ့အကြုံအရ သူမဟာ သူမရဲ့ အဓိက အချက်တွေကို ပြန်စဉ်းစားပါလိမ့်မယ်။ အမျိုးသမီးတွေဟာ သူတို့ကို အချိန်အကြာကြီး ကြင်နာစွာ ဆက်ဆံတတ်တဲ့သူကို လိုလားကြပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly