မက်ဆီကို ဇန်နဝါရီလမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၅၇ သန်းဖြင့် မန်စီးတီးအသင်း ကမ်းလှမ်းရန် ပြင်ဆင်နေ

မက်ဆီကို ဇန်နဝါရီလမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၅၇ သန်းဖြင့် မန်စီးတီးအသင်း ကမ်းလှမ်းရန် ပြင်ဆင်နေ
(ဓာတ်ပုံ - အီးပီအေ)

မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၅၇ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြကြပါတယ်။

မက်ဆီရဲ့ စာချုပ်သက်တမ်းတိုး ကြန့်ကြာမှုက မန်စီးတီးအသင်းအတွက် အကူအညီဖြစ်နိုင်ပြီး ယခုရာသီက ပီအက်စ်ဂျီအသင်းကို ရောက်ရှိသွားတဲ့ နေမာရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၉၅ သန်းကိုလည်း ကျော်ဖြတ်က မန်စီးတီးအသင်းက ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီရဲ့ စာချုပ်ကို သက်တမ်းတိုးနိုင်ခြင်း မရှိခဲ့ပါက ရာသီကုန်ဆုံးချိန်မှာ အခြားအသင်းများနှင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ပေးရမှာဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌကတော့ အင်နီယေစတာကို တစ်သက်တာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အသက် ၃၀ အရွယ်ရှိ မက်ဆီဟာ နူကမ့်မှာ ဆက်ရှိနေပါလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

ဒါပေမယ့် မန်စီးတီးအနေဖြင့် မက်ဆီကို ခေါ်ယူရန်အတွက် သူနှင့်နီးစပ်သူများနှင့် တွေဆုံကာ လေးလေးနက်နက် ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ AS စပိန်သတင်းစာက ဖော်ပြထားပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယာဟာ ၎င်းရဲ့ ကစားသမားဟောင်းနဲ့ ပြန်လည်ပေါင်းစုံခွင့်ရရန် အလိုရှိနေတယ်လို့လည်း သိရပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags