မက်ဆီ၊ ရော်နယ်လ်ဒို၊ အမ်ဘတ်ပီတို့ပါဝင်တဲ့ Ballon d’Or ဆုအတွက် ဆန်ခါတင် (၃၀) ဦးစာရင်း ထုတ်ပြန်

မက်ဆီ၊ ရော်နယ်လ်ဒို၊ အမ်ဘတ်ပီတို့ပါဝင်တဲ့ Ballon d’Or ဆုအတွက် ဆန်ခါတင် (၃၀) ဦးစာရင်း ထုတ်ပြန်
(ဓာတ်ပုံ - France Football)

ဘာစီလိုနာမှ မက်ဆီ၊ ရီးယဲလ်မှ စီရော်နယ်လ်ဒိုနှင့် ပီအက်စ်ဂျီမှ အမ်ဘတ်ပီတို့ပါဝင်တဲ့ ၂၀၁၇ ဘလွန်းဒီအောဆု (Ballon d’Or) ဆုအတွက် ဆန်ခါတင် (၃၀) ဦးစာရင်းကို France Football မဂ္ဂဇင်းက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအတွက် ဘလွန်းဒီအောဆုကို ပြင်သစ်မဂ္ဂဇင်း France Football က ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။

ဘလွန်ဒီအောဆု (၄) ကြိမ်ရထားတဲ့  ရီးယဲလ်မက်ဒရစ်ရဲ့ ပေါ်တူဂီ တိုက်စစ်မှူးဟာ အဆိုပါဆုကို လက်ရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး ကလပ်အသင်းနှင့်အတူ ချန်ပီယံလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီးနောက် ၎င်းဆုကို နောက်တစ်ကြိမ် ဆွတ်ခူးရရှိရန် ရေပန်းစားနေပါတယ်။

အဆိုပါဘလွန်ဒီအောဆုရရှိသူကို ဒီဇင်ဘာလမှာ ကြေညာသွားမှာဖြစ်ပါတယ်။

ဆန်ခါတင် ၃၀ ဦးစာရင်း
နေမာ (PSG၊ ဘရာဇီးလ်)၊ မိုဒရစ် (ရီးယဲလ်၊ ခရိုအေးရှား)၊ ဒီဘားလား (ဂျူဗင်တပ်စ်၊ အာဂျင်တီးနား)၊ မာဆယ်လို(ရီးယဲလ်၊ ဘရာဇီးလ်)၊ ကွန်တေ(ချယ်လ်ဆီး၊ ပြင်သစ်)၊ ဆွာရက်ဇ်(ဘာစီလိုနာ၊ ဥရုဂွေး)၊ ရာမို့စ်(ရီးယဲလ်၊ စပိန်)၊ အိုဘလက်ခ်(အက်သလက်တီကို၊ ဆလိုဗေးနီးယား)၊  ကော်တင်ဟို(လီဗာပူးလ်၊ ဘရာဇီးလ်)၊ မာတင်စ်(နာပိုလီ၊ ဘယ်လ်ဂျီယံ)၊ ဒီဘရိုင်းနား(မန်စီးတီး၊ ဘယ်လ်ဂျီယံ)၊ လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်၊ ပိုလန်)၊ ဒီဂီယာ (မန်ယူ၊ စပိန်)၊ ဟာရီကိန်း(စပါး၊ အင်္ဂလန်)၊ ဂျက်ကို(ရိုးမား၊ ဘော့စနီးယား)၊ ဂရစ်ဇ်မန်း(အက်သလက်တီကို၊ ပြင်သစ်)၊ ကရူးစ် (ရီးယဲလ်၊ ဂျာမနီ)၊ ဘူဖွန်(ဂျူဗင်တပ်စ်၊ အီတလီ)၊ မာနေ(လီဗာပူးလ်၊ ဆီနီဂေါ)၊ ဖယ်လ်ကာအို (မိုနာကို၊ ကိုလံဘီယာ)၊ မက်ဆီ(ဘာစီလိုနာ၊ အာဂျင်တီးနား)၊ အူဘာမီယန်း(ဒေါ့မွန်၊ ဂါဘွန်)၊ ကာဗာနီ(PSG၊ ဥရုဂွေး)၊ ဟမ်းမဲလ်(ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)၊ ဘန်ဇီမာ(ရီးယဲလ်၊ ပြင်သစ်)၊ စီရော်နယ်လ်ဒို(ရီးယဲလ်၊ ပေါ်တူဂီ)၊ ဟာဇက်(ချယ်လ်ဆီး၊ ဘယ်လ်ဂျီယံ)၊ ဘိုနူချီ(အေစီမီလန်၊ အီတလီ)၊ အစ္စကို (ရီးယဲလ်၊ စပိန်)၊ အမ်ဘတ်ပီ (PSG၊ ပြင်သစ်)

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly