One Championship ရဲ့ သမိုင်းဝင်ပြိုင်ပွဲဖြစ်လာမယ့် အောင်လအန်ဆိုင်းနှင့် ဂလာနီတို့ရဲ့ပွဲ

One Championship ရဲ့ သမိုင်းဝင်ပြိုင်ပွဲဖြစ်လာမယ့် အောင်လအန်ဆိုင်းနှင့် ဂလာနီတို့ရဲ့ပွဲ

လာမယ့် နိုဝင်ဘာလ(၃)ရက်နေ့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီးမှာ ကျင်းပတော့မယ့် အောင်လအန်ဆိုင်းနဲ့ဂလာနီတို့ရဲ့ပွဲဟာ ဝိတ်တန်းမတူတဲ့ ချန်ပီယံနှစ်ယောက်ရဲ့ပြိုင်ပွဲဖြစ်လို့ One Championship ရဲ့ သမိုင်းဝင်ပြိုင်ပွဲတစ်ပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

မြန်မာ့စပါးအုံးလို့ခေါ်တွင်ကြတဲ့ ကချင်တိုင်းရင်းသားအောင်လအန်ဆိုင်းဟာ One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံ ဖြစ်ပြီး ကျားသစ်နက်လို့ နာမည်ပြောင်ရတဲ့ ဂလာနီကတော့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ဦးဖြစ်ပါတယ်။

ဝိတ်တန်းမတူတဲ့ သူတို့နှစ်ဦးရဲ့ပွဲကို “သမိန်ပရမ်းနဲ့ဂါမဏိ”တို့ရဲ့ စီးချင်းထိုးပွဲလို့ One Championship ရဲ့ပြိုင်ပွဲစီစဉ်သူတွေက တင်စားထားကြပါတယ်။ ဒီပွဲဟာ ခါးပတ်လုပွဲမဟုတ်ပဲ အထူးစိန်ခေါ်ပွဲ ဖြစ်ပါတယ်။

ONE: HERO'S DREAM လို့အမည်ပေးထားတဲ့ ဒီပြိုင်ပွဲကြီးမှာ ဖိုးသော်၊ သပြေညိုတို့ရဲ့ ပွဲတွေပါဝင်နေပြီး ဟောင်ကောင်၊ တရုတ်၊ စင်ကာပူ၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတို့က One Championship ဖိုက်တာတွေရဲ့ ပွဲကောင်းတွေ ပါဝင်နေပါတယ်။

အောင်လအန်ဆိုင်းနဲ့ထိုးသတ်မယ့် ဂလာနီဟာ မွေထိုင်းချန်ပီယံဟောင်းတစ်ဦးဖြစ်သလို ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ ကရာတေးနှင့်ဂျူဒို ပညာရပ်တွေကို ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးပွဲစဉ်မှာ ပြိုင်ဘက်ကို ၁၁ စက္ကန့်ထဲနဲ့ ပွဲသိမ်းထားပြီး One Championship ရဲ့ အမြန်ဆုံးပွဲသိမ်းနိုင်သူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

အောင်လအန်ဆိုင်းကတော့ ဂလာနီနဲ့ထိုးသတ်ရမယ့်ပွဲအတွက် စိတ်လှုပ်ရှားနေပြီး အပြင်းအထန်လေ့ကျင့်နေပါတယ်။ မြန်မာပရိသတ်တွရဲ့ အားပေးမှုက သူ့အတွက် အင်အားဖြစ်ပြီး မြန်မာပရိသတ်တွေရဲ့ အားပေးမှုသာမရှိရင် အခုလို အောင်မြင်မှုတွေရရှိလာမှာ မဟုတ်ဘူးလို့ အောင်လအန်ဆိုင်းက ဆိုထားပါတယ်။ ဒါ့အပြင် အောင်လက သူ့ကို အခုလိုအားပေးကြတဲ့ မြန်မာပရိသတ်ကြီးကို အထူးကျေးဇူးတင်ကြောင်း ဆိုခဲ့ပါသေးတယ်။

ONE: HERO’S DREAM တွင် ပါဝင်မည့် တွဲဆိုင်းများ

============================

Aung La "Burmese Python" Nsang (မြန်မာ) vs Alain "The Panther" Ngalani (ဟောင်ကောင်)

ဖိုးသော် (မြန်မာ) vs စောဘဦး (မြန်မာ)

Ma Hao Bin “The Southern Eagle” (တရုတ်) vs Niko Soe (စင်ကာပူ)

သပြေညို (မြန်မာ) vs  Asraful “Warrior” Islam (ဘင်္ဂလားဒေ့ရှ်)

Pongsiri “The Smiling Assassin” Mitsatit (ထိုင်း) vs Jeremy “The Jaguar” Miado (ဖိလစ်ပိုင်)

စောမင်းမင်း (မြန်မာ) vs ရဲသွေးနေ (မြန်မာ)

“Rock Man” Chen Lei (တရုတ်) vs Burn “The Hitman” Soriano (ဖိလစ်ပိုင်)

“Supermom” Miao Jie (တရုတ်) vs Amira “The Wandera” Hafizovic (သြစတေးလျ)

“The Ghost” Zhang Ze Hao (တရုတ်) vs Bala Shetty (အိန္ဒိယ)

Nita Dea (အင်ဒိုနီးရှား) vs Jomary Torres (ဖိလစ်ပိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly