ဘလွန်းဒီအောဆုအတွက် နေမာ၊ မာဆယ်လို၊ မိုဒရစ်တို့ပါဝင်လာတဲ့ ပထမဆုံး ဆန်ခါတင် (၅)ဦး စာရင်း ထုတ်ပြန်

ဘလွန်းဒီအောဆုအတွက် နေမာ၊ မာဆယ်လို၊ မိုဒရစ်တို့ပါဝင်လာတဲ့ ပထမဆုံး ဆန်ခါတင် (၅)ဦး စာရင်း ထုတ်ပြန်
(ဓာတ်ပုံ - France Football)

၂၀၁၇ ဘလွန်းဒီအောဆု (Ballon d'Or)အတွက် ရီးယဲလ်နောက်ခံလူ မာဆယ်လို၊ ကွင်းလယ်လူ လူကာမိုဒရစ်နှင့် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာတို့အပါအဝင် ပထမဆုံး ဆန်ခါတင်(၅)ဦး စာရင်းကို တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအတွက် ဘလွန်းဒီအောဆုကို ပြင်သစ်မဂ္ဂဇင်း France Football က ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။

“၂၀၁၇ ဘလွန်ဒီအော France Football ဆုအတွက် ပထမဆုံး ပဏာမ ဆန်ခါတင် ၅ ဦးစာရင်းမှာ နေမာ၊ လူကာမိုဒရစ်၊ ဒိုင်ဘာလာ၊ မာဆယ်လို၊ ကန်တီတို့ဖြစ်ပါတယ်။”လို့ ပြင်သစ် မဂ္ဂဇင်းက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ပြင်သစ် မဂ္ဂဇင်းက ကျန်ရှိနေသေးတဲ့ ဆန်ခါတင် (၂၅)ဦးစာရင်းကို ဆက်လက် ဖော်ပြသွားမှာဖြစ်ပါတယ်။

ဘလွန်ဒီအောဆု (၄) ကြိမ်ရထားတဲ့  ရီးယဲလ်မက်ဒရစ်ရဲ့ ပေါ်တူဂီ တိုက်စစ်မှူးဟာ အဆိုပါဆုကို လက်ရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး ကလပ်အသင်းနှင့်အတူ ချန်ပီယံလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီးနောက် ၎င်းဆုကို နောက်တစ်ကြိမ် ဆွတ်ခူးရရှိရန် ရေပန်းစားနေပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly