တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ရန် သမ္မတဖိတ်ခေါ်

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ရန် သမ္မတဖိတ်ခေါ်

အစိုးရ နှင့် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရန် သမ္မတဦးသိန်းစိန်က သြဂုတ် ၁၁ရက် ရက်စွဲဖြင့် စာပို့ကာ ဖိတ်ခေါ်ထားသည်။ 

အစိုးရ အနေဖြင့်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော် နှင့် တိုင်းရင်းသားတို့အကြား သဘောတူညီပြီးဖြစ်သည့် စာချုပ်ကို ထပ်မံပြင်ဆင်ရန် မရှိတော့ဘဲ လက်မှတ်ထိုးရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။ 

"လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နှင့် တိုင်းရင်းသားလူမျိုးများ အားလုံး ပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ ညှိနှိုင်းပြီးစီးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုင်မှု စပ်စဲရေးသဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ထိုးရန် ဖိတ်ခေါ်အပ်ပါသည်"ဟု ပါရှိသည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့သည် NCAကို ၁၇လကြာ ဆွေးနွေးခဲ့ပြီး အချက် ၃၃ချက်ပါ စာချုပ်မူကြမ်းကို ပြီးစီးကြောင့် အတည်ပြုလက်မှတ်ကို မတ်လ ၃၁ရက်က ရေးထိုးနိုင်ခဲ့ပြီး NCAပါ အချက်အားလုံးကိုလည်း သြဂုတ် ၇ရက်က သဘောတူခဲ့ပြီးဖြစ်သည်။ 

ထိုသို့ သဘောတူပြီးဖြစ်၍ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် တပ်မတော်ဘက်ကလည်း အချုပ်အခြာ အာဏာကို ထိပါးလာမည့် ကိစ္စများမှအပ စစ်ဆေးရေးကြီးများ ပြုလုပ်ရန် ရည်ရွယ်ခြင်း မရှိတော့ဟု သမ္မတ၏ စာတွင် ဖော်ပြထားသည်။ 

သို့သော် လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် ဒေသအချို့တွင် တိုက်ပွဲအချို့ ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်အနေဖြင့် ထိုးစစ်ဆင်မှုများ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေသည်ဟု တိုင်းရင်းသားအဖွဲ့အချို့က ဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly