မြန်မာရေတပ်အရာရှိ၊ ဗိုလ်လောင်းများ၏ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယ ရေတပ်အကယ်ဒမီသတင်းထုတ်ပြန်

မြန်မာရေတပ်အရာရှိ၊ ဗိုလ်လောင်းများ၏ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယ ရေတပ်အကယ်ဒမီသတင်းထုတ်ပြန်

အောက်တိုဘာ ၇ ။        ။  မြန်မာစစ်တက္ကသိုလ်မှ ဗိုလ်မှူးသိုက်ဇော်ဟိန်းနှင့် ဗိုလ်ကြီးကိုကိုမင်းတို့ ဦးဆောင်၍ရောက်ရှိလာခဲ့သော အရာရှိဗိုလ်လောင်းငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယရေတပ်အကယ်ဒမီ (INA) သို့ အောက်တိုဘာ ၁ ရက်နေ့ကတည်းက အလည်အပတ်ရောက်ရှိနေခဲ့ပြီး INA ရှိ အခြေခံအဆောက်အဦးများ၊ ပညာရပ်ပိုင်းဆိုင် ရာ အထောက်အပံ့ ပစ္စည်းများနှင့် လေ့ကျင့်ပုံနည်းစနစ်များကို လေ့လာခဲ့သည်။ အဆိုပါလေ့လောရေးခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယရေတပ်အကယ်ဒမီ က အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့သည်။

၁. တပ်မတော်စစ်တက္ကသိုလ်မှ ဗိုလ်မှူး သိုက်ဇော်ဟိန်းနဲ့ ဗိုလ်ကြီး ကိုကိုမင်းတို့ ဦးဆောင်ပြီး ဗိုလ်လောင်းငါးဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ အိန္ဒိယရေတပ်အကယ်ဒမီ INA ထံကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကနေစပြီး ခုနှစ်ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။ တပ်မတော် စစ်တက္ကသိုလ်မှ အရာရှိကြီးများနှင့် ဗိုလ်လောင်းများပါဝင်တဲ့ အဖွဲ့ရဲ့ ယင်းခရီးစဉ်အတွင်း INA ၏ အခြေခံအဆောက်အအုံ၊ ပညာရပ်ပိုင်းဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၊ လေ့ကျင့်သင်ကြားရေး နည်းစနစ်များနှင့်ပတ်သက်၍ လေ့လာသိရှိခဲ့ကြပါတယ်။

၂. ယခု ခရီးစဉ် သွားရောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံ ရေတပ်များအကြား ချစ်ကြည်ရေးပေါင်းကူးတံတား တည်ဆောက်ရန်၊ အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား စစ်ရေးဆက်ဆံမှုပိုင်းကို တိုးမြင့်ခိုင်မာစေနိုင်ရန် နှင့် အကောင်းဆုံးသော အလေ့အကျင့်လုပ်ထုံးလုပ်နည်းများကို အပြန်အလှန် ဖလှယ်ရန် ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်မှုပိုင်းကလည်း အစဉ်အလာအားဖြင့် ခိုင်မာနေခဲ့ပါတယ်။ နှစ်ဘက်ရေတပ်တွေအကြား ပူးပေါင်းကင်းလှည့်မှု၊ လေ့ကျင့်သင်ကြားမှု၊ လုပ်နိုင်စွမ်းအား တည်ဆောက်ခြင်းနှင့် လုပ်နိုင်စွမ်းအား တိုးတက်စေခြင်း လုပ်ဆောင်ချက်များနှင့်အတူ စစ်သင်္ဘောများ ရပ်နားမှု၊ ဖြတ်သန်းသွားလာမှု လုပ်ဆောင်မှုများ အထိ ပူးပေါင်းလုပ်ဆောင်ထားခဲ့ကြပါတယ်။

၃.ယခု ခရီးစဉ်ကြောင့် INA အမှုထမ်းတွေအနေနဲ့ မြန်မာ့ စစ်တက္ကသိုလ်မှာ ဆောင်ရွက်လုပ်ဆောင်နေလျက်ရှိတဲ့ လေ့ကျင့်သင်ကြားရေးလုပ်ငန်းစဉ်များနဲ့ ပညာရပ်များကို လေ့လာဆည်းပူးခွင့် ရရှိခဲ့ပါတယ်။ အလည်အပတ် ရောက်ရှိလာတဲ့ မြန်မာ့စစ်ဘက်အရာရှိတွေနဲ့ အရာရှိလောင်းတွေကိုလည်း INA ရဲ့ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုတွေကို နားလည်သိရှိနိုင်မယ့် အခွင့်အရေးသာမက INA ဗိုလ်လောင်းတွေနဲ့အကြား ချစ်ကြည်မှု ကိုပါ တည်ဆောက်ခွင့် ရရှိစေခဲ့ပါတယ်။ ယင်းအပြင် ၎င်းတို့ကိုလည်း ညစာတည်ခင်းဧည့်ခံတာ၊ INA ဗိုလ်လောင်းတွေနဲ့အတူ သင်တန်းတွေ တက်ရောက်စေမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့အနေနဲ့လည်း Kerala ပြည်နယ်တွင်း သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ Payyanur မြို့တွင်းနေရာအနှံ့ကို လည်ပတ်လေ့လာနိုင်ခဲ့ကြပါတယ်။

၄.ယခု မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့ရဲ့ INA ခရီးစဉ်မတိုင်ခင်ကလည်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဟာလည်း ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာ ၁၈ ရက်ကနေ ၂၁ ရက်အထိ အိန္ဒိယခရီးစဉ်ကို လာရောက်ထားခဲ့ပြီးဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် နှစ်နိုင်ငံ ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု အဆင့် တိုးမြင့်လာနေခြင်းကို ဖော်ပြနေလျက်ရှိပါတယ်။ ဒါဟာ နှစ်ဘက်ရေတပ်တွေရဲ့ ဗိုလ်လောင်းအရာရှိငယ်တွေအတွက် အပြန်အလှန် ကျေနပ်အားရစေနိုင်သလို အတွေ့အကြုံတွေ တိုးပွားသွားစေနိုင်သလို သမုဒ္ဒရာတွေက နိုင်ငံတွေအားလုံးကို ညီညွတ်စေတယ်ဆိုတဲ့ အမှန်တရားကိုပါ ပိုမိုခိုင်မာစေခဲ့ပါတယ်။ မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်မှာပဲ အိန္ဒိယရေတပ်အကယ်ဒမီကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly