ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း (၁၀)မျိုး

ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း (၁၀)မျိုး

ရေးသားသူ Wathun Myat Chal 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

သင့်ခြေထောက်က ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်းကို ခံစားနေရပါသလား။ စိတ်မပူပါနဲ့တော့။ အောက်ဖော်ပြပါဆောင်းပါးမှာ ခြေဆီနံ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းတဲ့နည်းလမ်း ၁၀မျိုးကို ဖော်ပြပေးထားပါတယ်။

၁။ မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါဟာ ခြေနံ့ပျောက်စေတဲ့နေရာမှာ အလွန်ထိရောက်တယ်လို့ အသိများပါတယ်။ ခြေဖဝါးရဲ့ pH ပမာဏ ကို ဓာတ်ပြယ်စေပြီး ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ ဒါမှမဟုတ်ရေနွေး ဝ.၉၄ လီတာ နဲ့ ရောလိုက်ပါ။နေ့စဉ် ဒီအရောထဲကို ၁၅မိနစ်မှ မိနစ်၂၀ထိ ခြေထောက်နှစ်ပေးပါ။ တစ်ပတ်လောက် ဆက်တိုက်လုပ်ပေးလိုက်တဲ့အခါ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။

၂။ လာဗင်ဒါ အဆီ
လာဗင်ဒါဟာအနံ့မမွှေးပေမယ့် ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ ဒါ့အပြင် လာဗင်ဒါမှာ မှိုမကပ်စေတဲ့အရာတွေပါဝင်ပြီး ဒါတွေက ခြေနံ့ကိုဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ လာဗင်ဒါ အဆီ အစက်အနည်းငယ်ကို ရေနွေးသို့မဟုတ် ကြက်သီးနွေးရေထဲထည့်ပါ။ ဒီအရည်ထဲမှာ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိစိမ်ထားပါ။ တစ်ရက်၂ကြိမ်လုပ်ပြီး ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ခြေနံ့စတင်ပြီးပျောက်သွားပါလိမ့်မယ်။

၃။ ကျောက်ချဉ်
ကျောက်ချဉ်မှုန့် မှာ ပိုးသေစေသောအာနိသင် တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ် ကို သုံးတာလည်း ခြေနံ့ပျောက်ကွယ်သွားဖု့ိ နည်းလမ်းတစ်ခုပါပဲ။
ကျောက်ချဉ်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးနွေးတစ်ခွက်ထဲထည့်ပါ။ ဒီအရည်နဲ့ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိ သေချာဆေးကြောပြီး အခြောက်ခံပါ။ မြန်မြန်သိသာချင်ရင်တော့ ကျောက်ချဉ်အမှုန့် အချို့ကိုယူပြီးခြေထောက်မှာဖြူးထားပေးနိုင်ပါတယ်။ နေ့စဉ်လုပ်ပေးပါ။

၄။ ဆားခါး
ခြေနံ့ထွက်ခြင်းကိုကုသပေးနိုင်တဲ့အပြင် ဆားခါး ဟာ ခြေဖဝါးနာကျင်တဲ့လူတွေအတွက်လည်းကောင်းမွန်ပါတယ်။ ဆားခါး လက်ဖက်ရည်ဇွန်း၂ဇွန်းကို ရေနွေးနွေးထဲထည့်ပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ တစ်ရက်တစ်ကြိမ် ပြုလုပ်ပေးပါ။

၅။ လက်ဖက်မည်း (Black tea)
လက်ဖက်မည်း အိတ်၂အိတ်ကို ရေဆူဆူ၃ခွက်ထဲ အတူတူထည့်ပြုတ်ပါ။ ပြီးတဲ့နောက် ရလာတဲ့အရည်ကို အေးသွားအောင် ရေတစ်ပုံးလောင်းထည့်ပါ။ ၁၅မိနစ်မှ မိနစ်၂၀ထိ ထိုအရည်ထဲခြေထောက်စိမ်ပါ။ နေ့စဉ်လုပ်ပေးပါ။

၆။ ရှာလကာရည်
ရှာလကာရည်တစ်ခွက်နဲ့ ရေ ၆ခွက်မှ ၈ခွက်ထိ ရောပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိခြေထောက်စိမ်ပါ။ ပြီးရင်ရေနဲ့သေချာပြန်ဆေးပေးပါ။ တစ်ရက်တစ်ကြိမ်လုပ်ပါ။

၇။ Borax (လက်ချား)
Borax (လက်ချား)တစ်ခွက်၊ ရှာလကာရည်ဆတူ၊ ရေ၂ခွက်စတာတွေကိုရောပါ။ သင့်ရဲ့ရှူးဖိနပ်အတွင်းတွေကို ရလာတဲ့ပျော်ရည်နဲ့ဖြန်းပါ။ ဒါမှမဟုတ်ဖိနပ်မစီးခင် ရှူးဖိနပ်တွေပေါ်မှာ borax powder (လက်ချားအမှုန့်)အချို့ဖြူးပေးပါ။

၈။ သကြား
ခြေဖဝါးရဲ့ ဆဲလ်သေတွေကိုဖယ်ရှားဖို့နဲ့ ခြေနံ့ကိုဖျောက်နိုင်ဖို့ သကြားကိုသုံးပါ။ သကြား၊ ရေ နဲ့ isopropyl alcohol ၉၁ ရာခိုင်နှုန်းအထက် တို့ကို ရောလိုက်ပါ။ ရလာတဲ့အရောနဲ့ ခြေထောက်ကို ၅မိနစ်မှ ၁၀မိနစ်ထိတိုက်ပေးပါ။ ဒါက ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ တစ်ပတ်ကို ၃ကြိမ်လုပ်ပေးပါ။

၉။ ကလျာဏီပင်
အနံ့တွေကင်းစင်သွားဖို့ ကလျာဏီပင် ကိုဖိနပ်တွေနဲ့ခြေအိတ်တွေပေါ်မှာ ထားပေးနိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ သင့်ခြေထောက်တွေကို ကလျာဏီလက်ဖက်ရည် ထဲမှာ စိမ်ပေးတာကလည်း ခြေနံ့ကို ပျောက်ကင်းစေနိုင်ပါတယ်။

၁၀။ ချင်း
ချင်းကို အရင်ထောင်းလိုက်ပါ။ ရလာတာတွေကို ရေနွေးတစ်ခွက်နဲ့ရောပြီး ခြေထောက်ကို ၁၀မိနစ်မှ ၁၅မိနစ်ခန့်ထိ နှိပ်နယ်ပေးပါ။ နေ့စဉ်လုပ်ပါ။

ဆရာဝန်ဆီမသွားခင်မှာ အထက်ပါ လွယ်ကူတဲ့ အိမ်တွင်းသုံးနည်းလေးတွေကို အရင်စမ်းကြည့်ပါ။ ဘယ်လောက်ထိရောက်သလဲဆိုတာမြင်လိုက်တဲ့အခါမှာ သင်အံ့သြသွားမှာအသေအချာပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly