ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အစာကို အများကြီး မစားသင့်ပါသလဲ

ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အစာကို အများကြီး မစားသင့်ပါသလဲ

ရေးသားသူ Dr. Su Sandy
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကိုယ်ဝန်ဆောင်ချိန်တွင်-ဘာကြောင့်-အစာကို-အများကြီး-မစားသင့်ပါသလဲ.

သင် ကိုယ်ဝန်ဆောင်ချိန်တွင် သင့်ကလေးထံသို့ ဗီတာမင်နှင့် သတ္တုဓာတ်များ ပေးနိုင်ရန် အစာကို ပိုစားသင့်သည်ဟု သင်တွေးမည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ၎င်းသည် မမှန်ကန်ပေ။ ညီညွတ်မျှတသော အာဟာရဟု ပြောရန်မှာ အာဟာရဓာတ်များ စုံလင်အောင် စားရန်ကို ဆိုလိုပါသည်။ ပမာဏအများကြီး စားရန် မဟုတ်ပါ။ ထို့ကြောင့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသော အစားအစာများကို ညွှန်ကြားသည့်အတိုင်း စားရန်သာဖြစ်ပြီး ပိုစားရန်မလိုပါ။

သင် ကိုယ်ဝန်ဆောင်ချိန်တွင် အဘယ်ကြောင့် အစားအများကြီး မစားသင့်ပါသလဲ။

ဆေးတက္ကသိုလ်မှ အဆိုအရ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန် ပိုခြင်းသည် မိခင်နှင့်ကလေးတွင် ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာများ၊ အထူးသဖြင့် အောက်ပါရောဂါများ ပိုဖြစ်နိုင်သည်ဟု ဆိုသည်။

  •      ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ဆီးချိုရောဂါ
  •      ကိုယ်ဝန်ဆိပ်တက်ခြင်း
  •       မွေးဖွားရခက်ခြင်း
  •      နို့ စတိုက်ရန် ခက်ခြင်း
  •      မွေးဖွားပြီးနောက် မိခင်တွင် ကိုယ်အလေးချိန် တက်ခြင်း
  •      ကလေး ကိုယ်အလေးချိန် များခြင်း

ထို့ကြောင့် သင့်အတွက် ကိုယ်ဝန်ဆောင်နေစဉ်တွင် ကိုယ်အလေးချိန် ၂၅ ပေါင်မှ ၃၅ ပေါင် အထိသာ ပျမ်းမျှအားဖြင့် တိုးသင့်ပါသည်။
ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်ဝန်ဆောင် စားသောက်မှှုသည် အဘယ်နည်း။

ကျန်းမာရေးနှင့် ညီညွတ်သော မျှတသည့် အာဟာရသည် သင်၏ ကြီးထွားလာသော ကလေးငယ်သည် လုံလောက်သော ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရများကို သူလိုအပ်သလောက် ရရှိနေခြင်း ဖြစ်သည်။ သင်၏ နေ့စဉ်အာဟာရတွင် အစာအုပ်စု လေးမျိုး အဓိက ပါဝင်သင့်သည်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက် – နေ့စဉ် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ကို ၅ မျိုးမှ ၇မျိုး ပါဝင်အောင်စားသင့်သည်။ အေးခဲထားသော၊ စည်သွတ်ဘူးနှင့် အသီးခြောက်များသည်ပင် စားရန် အဆင်ပြေသည်။ သို့သော် အသင့်စားရန် ပြုပြင်ထားသော အသီးအရွက်များသည် ဆား၊ သကြားများ ထပ်ထည့်ထားသောကြောင့် လတ်ဆတ်သော အသီးအရွက်များကိုသာ စားသင့်သည်။

သစ်သီး ဖျော်ရည်များကိုလည်း သောက်နိုင်သည်။ သို့သော် သကြားဓာတ်သည် သင့်သွားများကို ပျက်စီးစေနိုင်ပြီး၊ သွေးထဲရှိ သကြားဓာတ်ကို တက်စေနိုင်သောကြောင့် သင်သောက်သည့် ပမာဏကို ကန့်သတ်သင့်သည်။

ကစီဓာတ်ပါသော အစားအစာများ – အာလူး၊ ဆန်၊ ဂျုံ၊ နှံစားပြောင်းဖြင့် ပြုလုပ်သော ဆန်လုံးညို၊ ပေါင်မုန့်၊ မုန့်ချပ်၊ ခေါက်ဆွဲစသော အစားအစာများ။

ပရိုတင်းဓာတ်ပါသော အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ သစ်ချသီးစေ့၊ ပဲပင်ပေါက် စသော အစားအစာများ။

နို့ထွက်ပစ္စည်းများ – နို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ရေခဲမုန့် စသော အစားအစာများ။ နို့ထွက်ပစ္စည်းများတွင် သကြားနှင့် အဆီဓာတ်ပါဝင်မှု နည်းသင့်သည်။

လူအများစုတွင် စားသည့်အာဟာရတွင် အိုင်အိုဒင်းဓာတ် ပါဝင်မှုနည်းသည့်အတွက် ကိုယ်ဝန်ဆောင်များတွင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်နိုင်သည်။ အိုင်အိုဒင်းသည် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သောကြောင့် အရေးကြီးသော သတ္တုဓာတ်တစ်မျိုး ဖြစ်ပါသည်။ အိုင်အိုဒင်းကို နို့ထွက်ပစ္စည်းများနှင့် ပင်လယ်စာများတွင် တွေ့ရသည်။

ကိုယ်ဝန်ဆောင်ခြင်းသည် သင်ကလေးကို ကောင်းစွာ ဖွံ့ဖြိုးကြီးထွားနိုင်ရန် လုံလောက်သော အာဟာရ ဓာတ်များကို ပေးရန် လိုအပ်သောကြောင့် ကောင်းစွာ အားစိုက်ထုတ်ရပြီး စိတ်ရှည်ရန်၊ ဗဟုသုတကြွယ်ဝရန် လိုအပ်ပါသည်။ သင့်အတွက် မျှတသော အာဟာရဓာတ် ရရှိရန်၊ သင့်တော်သော ကိုယ်အလေးချိန် တိုးတက်မှုကို ရရှိရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly