ပါကစ္စတန်မှာ ဘတ်စ်ကားနဲ့ ဗင်ကားတို့ ခေါင်းချင်းဆိုင် တိုက်မိပြီး ၁၁ ဦး သေဆုံး

ပါကစ္စတန်မှာ ဘတ်စ်ကားနဲ့ ဗင်ကားတို့ ခေါင်းချင်းဆိုင် တိုက်မိပြီး ၁၁ ဦး သေဆုံး

 

အောက်တိုဘာ ၇ ။          ။ ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း မက်စ်တန်ဒေသမှာ အောက်တိုဘာ ၇ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီးနဲ့ ဗင်ကားတစ်စီးတို့ တိုက်မိပြီး အနည်းဆုံး ၁၁ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။

ယင်းဖြစ်စဉ်ကတော့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ မိနစ် ၂၀ ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗင်ကားဒရိုင်ဘာဖြစ်သူက အရှိန်များနေခဲ့တဲ့ ၎င်းရဲ့ကားကို မထိန်းချုပ်နိုင်တော့ဘဲ မျက်နှာချင်းဆိုင်က လာနေခဲ့တဲ့ ဘတ်စ်ကားကို ဝင်တိုက်ခဲ့မိတာဖြစ်ပါတယ်။

ယင်း ကားတိုက်မှုမှာ ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး တင်ပို့ပေးထားခဲ့ပြီး ၎င်းထဲက ခုနစ်ဦး အခြေအနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

အလားတူ ဗင်ကားမောင်းသူမှာလည်း နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဘက်က ဘတ်စ်ကားမောင်းဒရိုင်ဘာကနေ နေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန် စာရင်းအင်းဗျူရိုရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ယင်းနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ယာဉ်မတော်တဆမှု ဖြစ်စဉ် ပေါင်း ၉,၀၀၀ ခန့် ဖြစ်ပွားနေခဲ့ပြီး တစ်နှစ်ကို ပျမ်းမျှ လူပေါင်း ၄,၅၀၀ ကျော်လောက် သေဆုံးနေရတယ်လို့လည်း သိရပါတယ်။

လမ်းမကောင်းမှု၊ ယာဉ်ကြံ့ခိုင်မှု ထိန်းသိမ်းမှုပိုင်း အားနည်းခြင်းနဲ့ မဆင်မခြင်မောင်းနှင်မှုတွေက ယခုလို ယာဉ်မတော်တဆမှုတွေ ဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly