အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) တွင် မြန်မာနိုင်ငံပါ၀င်ကြောင်း အတည်ပြု

အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) တွင် မြန်မာနိုင်ငံပါ၀င်ကြောင်း အတည်ပြု
ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန

 

ရန်ကုန်၊ အောက်တိုဘာ ၇ ။             ။ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တွင်  မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ကြောင်း အကြောင်းကြားစာ (Instrument of Ratification) နှင့် တရားဝင်ကြေညာချက် (Declaration) တို့အား မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းမှ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများဌာနခွဲ၏ အကြီးအကဲ Mr. Santiago Villalpando ထံသို့ အောက်တိုဘာ ၆ ရက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါအကြောင်းကြားစာကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ Office of Legal Affairs (Treaty Section) ဌာန၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly