ဘက်ခမ်းလက်သစ်ဟု သတ်မှတ်ခံထားရသည့် ဖီးလ်နဗီး၏သားကို မန်ယူအသင်းမျက်စိကျ

ဘက်ခမ်းလက်သစ်ဟု သတ်မှတ်ခံထားရသည့် ဖီးလ်နဗီး၏သားကို မန်ယူအသင်းမျက်စိကျ

အောက်တိုဘာ ၇၊ မန်ချက်စတာ။                          ။ မန်ယူအသင်းသည် လာလီဂါကလပ်ဗလင်စီယာအသင်းမှ ဖီးလ်နဗီး၏သားဖြစ်သူ ဟာဗေးကို အသင်းသို့ခေါ်ယူချင်နေသည်ဟု စပိန်တွင် သတင်းများထွက်ပေါ်နေသည်။

ဗလင်စီယာလူငယ်အသင်းတွင်ကစားနေသည့် ဟာဗေးသည် ၎င်း၏ညာခြေစွမ်းကြောင့် မန်ယူဂန္ထဝင်ကစားသမား ဒေးဗစ် ဘက်ခမ်းနှင့် နှိုင်းယှဉ်ခြင်းခံနေရသူဖြစ်သည်။

မန်ယူအသင်းသည် ဟာဗေးကိုအင်္ဂလန်သို့ပြန်ခေါ်ရန် စဉ်းစားနေသည်ဟု စပိန်သတင်းစာ စူပါဒီပို့က ဖော်ပြထားသည်။ အသက် ၁၄ နှစ်အရွယ်ကစားသမားသည် ၂၀၁၅ တွင် ၎င်း၏ဖခင်ဖြစ်သူ ဗလင်စီယာအသင်းလက်ထောက်နည်းပြအဖြစ်လုပ်ကိုင်စဉ် စပိန်သို့ရောက်ရှိခဲ့သူဖြစ်ပြီး စပါးအသင်း၏စိတ်ဝင်စားမှုကိုလည်းခံနေရသည်။

စပိန်သို့ရောက်ပြီးတစ်နှစ်အကြာတွင် နည်းပြချုပ်ဖြစ်သူဂယ်ရီနဗီးလ်ထုတ်ခံရပြီး ဖခင်ဖြစ်သူလည်းစပိန်ကိုစွန့်ခွာခဲ့ရသော်လည်း ဟာဗေးသည် စာချုပ်သက်တမ်းတိုးခံရသဖြင့် ဗလင်စီယာတွင်သာဆက်နေရန် ရွေးချယ်ခဲ့သည်။

ဟာဗေးသည် ဗလင်စီယာသို့ရောက်ပြီးကတည်းက ခြေစွမ်းကောင်းပြသနိုင်ပြီး အလားအလာရှိသူအဖြစ်စောင့်ကြည့်ခံနေရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly