ခွဲစိတ်မှုမလိုဘဲ မွေးလမ်းကြောင်း ပြန်ပြင်ခြင်းအကြောင်း

ခွဲစိတ်မှုမလိုဘဲ မွေးလမ်းကြောင်း ပြန်ပြင်ခြင်းအကြောင်း

ရေးသားသူ Dr.Aye Myat Myat Noe 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

သင့်မွေးလမ်းကြောင်း ပုံစံဘယ်လိုဖြစ်နေမလဲလို့ စိတ်ထဲထင့်နေတတ်ပါသလား။ မပူပါနဲ့၊ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အမျိုးသမီးတော်တော်များများဟာ – အထူးသဖြင့် ကလေးမွေးပြီးတဲ့အခါ၊ သွေးဆုံးပြီးတဲ့အခါ – မိမိတို့မွေးလမ်းကြောင်း ပုံစံဘယ်လိုဖြစ်နေမလဲ စိတ်ပူတတ်ကြပါတယ်။

ကံကောင်းစွာနဲ့ပဲ မွေးလမ်းကြောင်း ပြင်ခြင်းနည်းက အမျိုးသမီးတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

မွေးလမ်းကြောင်းပြင်ခြင်းဆိုတာ ဘာလဲ

ရေဒီယိုလှိုင်းသို့မဟုတ် ပြင်းအားနည်း လေဆာအလင်းတန်းကိုသုံးကာ အမျိုးသမီးအင်္ဂါရဲ့ ငယ်ရွယ်မှုကိုပြန်လည်ဆောင်ကြဉ်းပေးခြင်းဖြစ်တယ်။ အန္တရာယ်နည်းပြီး အလွန်ကိုအာနိသင်ရှိသော နည်းဖြစ်ပါတယ်။ ဦးတည်ချက်နှစ်ခုရှိပြီး – မွေးလမ်းကြောင်းကျဉ်းပေးတာနဲ့ မိန်းမအင်္ဂါအရောင်ဖျော့ပေးတာ တို့ဖြစ်တယ်။

အမျိုးသမီးတွေအသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်တွေနည်းလာပြီး မွေးလမ်းကြောင်းဆန့်ကျုံ့သတ္တိလျော့လာပါတော့တယ်။ ကလေးမွေးခြင်းနဲ့ သိသိသာသာအလေးချိန်ကျဆင်းသွားခြင်းတို့ဟာလည်း မွေးလမ်းကြောင်းကျယ်သွားစေပြီး ကာမဘဝကို ကျေနပ်နှစ်သက်စရာမကောင်းအောင် ဖြစ်သွားစေတတ်ပါတယ်။

ထိုပြဿနာတွေအတွက် မွေးလမ်းကြောင်းပြင်သည့်နည်းကိုသုံးနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ခြင်းဟာအောက်ပါပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်-

·       အသက်ကြီးခြင်း၊ ကလေးမွေးခြင်းတို့ကြောင့် မွေးလမ်းကြောင်းကျယ်သွားခြင်း

·       စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကြောင့် နာကျင်ရောင်ရမ်းခြင်း

·       လိင်လမ်းကြောင်းခွဲစိတ်မှုတစ်ခုခုကြောင့် အမာရွတ်ကျန်နေခြင်း

·       ဆီးမထိန်းနိုင်ခြင်းနှင့် နည်းမှန်မှန်နဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်လိုသူများအတွက်

ဘယ်လိုအလုပ်လုပ်သလဲ

မိန်းမကိုယ်ပြင်ခြင်းဆိုတာ အိုမင်းခြင်းကိုဆန့်ကျင်ပြီး ဆဲလ်များကြီးထွားဖြစ်ပေါ်ခြင်းကိုအားပေးပါတယ်။ နည်းအများစုက လိုအပ်တဲ့ဧရိယာမှာ ရေဒီယိုလှိုင်းသုံးပြီးပြုပြင်ကြပါတယ်။ ထိုကြိမ်နှုန်းလှိုင်းတွေက မွေးလမ်းကြောင်းအပူချိန်ကိုမြှင့်ပြီး ကော်လဂျင်ထွက်နှုန်းတက်စေပါတယ်။ လအနည်းငယ်ကြာနိုင်ပြီး တစ်ချိန်လျှင် ၁၀ မိနစ် ၁၅ မိနစ်ကြာနိုင်ပါတယ်။

ယနေ့ခေတ်အခါနာမည်ကြီးတာကတော့ Femilft နှင့် ThermiVa တို့ဖြစ်ပြီး နာကျင်မှုကင်းကာ မေ့ဆေး၊ ထုံဆေးမလိုဘဲ အပူနှင့်နှိပ်ပေးသလိုခံစားချက်မျိုးလောက်သာဖြစ်ပါတယ်။

Femilft – ခွဲစိတ်စရာမလို၊ အန္တရာယ်မများဘဲ ထုံဆေး၊ မေ့ဆေးမသုံးတဲ့ မွေးလမ်းကြောင်းတစ်သျှူးများကို ပြန်လည်ပြုပြင်ပေးသောနည်းဖြစ်တယ်။ ၁၅ မိနစ်သာကြာပြီး ထမင်းစားနားချိန်မှာတောင် လုပ်လို့ရသောနည်းဖြစ်ပါတယ်။ နာကျင်မှုမရှိဘဲ ပြီးလျှင်လည်းစောင့်ဆိုင်းစရာလိုသော နည်းဖြစ်တယ်။

ThermiVa– မိန်းမကိုယ် သို့ မွေးလမ်းကြောင်းနံရံကို thermi technology ဖြင့် အိုမင်းခြင်းကိုဆန့်ကျင်ကာ ဆဲလ်ပွားမှုလှုံဆော်ပေးသောနည်းဖြစ်တယ်။ ရေဒီယိုလှိုင်းများကို လိုအပ်သော ဧရိယာသို့ပို့ဆောင်ကာ တစ်သျူးကိုအပူပေးပြီး ကော်လဂျင်ထုတ်အောင်လှုံ့ဆောင်ပေးခြင်းဖြစ်တယ်။ အပူချိန်ကတော့ ၄၂-၄၅ ဒီဂရီဆဲလ်ဆီးယပ်စ်လောက်ဖြစ်တယ်။

ကောင်းကျိုးဆိုးပြစ်များ

ဖော်ပြခဲ့ပြီးတဲ့အတိုင်း မွေးလမ်းကြောင်းပြုပြင်ခြင်းဟာ သင်ငယ်ရွယ်စဉ်ကလို၊ ကလေးမမွေးမီကလို မွေးလမ်းကြောင်းကိုနုပျိုမှု၊ တင်းကြပ်မှုပြန်ပေးနိုင်ပါတယ်။ ပိုမိုလှပစေပြီး ရေကူးဝတ်စုံဝတ်စဉ်၊ ကာမပျော်မွေ့စဉ်တွေမှာ သင့်ကိုယုံကြည်မှုရှိစေပါလိမ့်မယ်။ ပိုအတိအကျပြောရမယ်ဆိုရင်-

  •        မိန်းမကိုယ်ပုံပန်းသွင်ပြင်ကို တိုးတက်ကောင်းမွန်စေတယ်
  •        မွေးလမ်းကြောင်းခြောက်သွေ့ခြင်း၊ သိမ်ခြင်းကို လျှော့ချပေးတယ်
  •       ဆီးစိမ့်ခြင်းကိုလျှော့ချပေးတယ်
  •       ေမွးလမ်းကြောင်းကြွက်သားများ အလုပ်ပိုလုပ်စေတယ်
  •       ကာမဆက်ဆံခြင်းကိုသာယာမှုရစေတယ်
  •       မွေးလမ်းကြောင်းထိတွေ့သိရှိမှုအာရုံကို ပိုကောင်းစေတယ်
  •      အဝတ်အစားကြပ်ကြပ်များမှာ သက်တောင့်သက်သာရှိစေပြီး
  •      ရေကူးဝတ်စုံများနှင့်လည်း ယုံကြည်မှုရှိစေပါတယ်။

ဒါပေမယ့် အန္တရာယ်အနည်းငယ်လည်းရှိနိုင်ပါတယ။် မွေးလမ်းကြောင်းဟာ တခြားသောအင်္ဂါများနှင့်နီးကပ်နေတာကြောင့် ဆီးအိတ်ထိခိုက်၊ သွေးယို၊ ပိုးဝင်သွားစေနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ပြီးတဲ့အခါ သင်ရော သင့်ပါတနာပါ အဆင်ပြေသာယာနိုင်မယ့် အနေအထားပုံစံကိုလည်း စမ်းသပ်ရှာဖွေကြည့်ဖို့ လိုအပ်ပါဦးမယ်။

မွေးလမ်းကြောင်းပြင်ခြင်းဟာ သင့်ကိုကာမဘဝမှာ သာယာမှု၊ ယုံကြည်မှုတွေပြန်ရစေပါတယ်။ ဒါပေမယ့် အန္တရာယ်လုံးဝမရှိတာလည်းမဟုတ်တာကြောင့် မရွေးချယ်မီ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly