နို့သီးခေါင်းမှ အရည်များထွက်ခြင်း

နို့သီးခေါင်းမှ အရည်များထွက်ခြင်း

ရေးသားသူ Phyo Wai Yan 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

သားမြတ်(ရင်သား)မှာရှိတဲ့ နို့သီးခေါင်းကနေ အရည်တစ်မျို းမျိုးထွက်ခြင်းကို ဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင်သည် မဟုတ်တဲ့အမျိုးသမီးတွေနဲ့ ကလေးနို့မတိုက်တဲ့ အမျိုးသမီးတွေမှာပါ ထွက်တတ်ပါတယ်။ ဖြစ်နိုင်ရင် နို့သီးခေါင်းကနေ အရည်တစ်မျိုးမျိုးထွက်နေပြီဆိုပါက ဆရာဝန်ဆီသွားပြီး စစ်ဆေးမှုခံယူတာ အကောင်းဆုံးပါပဲ။ အမျိုးသားတစ်ယောက်အတွက် နို့သီးခေါင်းကနေ အရည်တွေထွက်နေတယ်ဆိုရင် ကြီးမားတဲ့ ပြဿ နာအကြောင်းခံတစ်ခုခုရှိနေနိုင်ပါတယ်။

အဲ့ဒါကို ဘယ်လိုပုံစံမျိုး တွေ့ရတတ်သလဲ

ရင်သားတစ်ဖက် (သို့ )နှစ်ဖက်စလုံးကနေ ထိုအရည်တွေထွက်တတ်ပါတယ်။ အလိုလျောက်သော်လည်းကောင်း ရင်သားကို လက်နဲ့ ညှစ်လိုက်ရင်သော်လည်းကောင်း ထွက်လာတတ်ပါတယ်။ ထိုအရည်တွေဟာ အကြည်ရောင် နို့ကဲ့သို့ အရောင်နောက်နောက် (သို့) အရောင်တစ်မျိုးမျိုး ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ သွေးကဲ့သို့ အရောင်တွေဖြစ်တတ်ပါတယ်။ ထိုအရည်တွေဟာ မိခင်နို့ရည်နဲ့ တူညီတဲ့နေရာက ထွက်လာပေမယ့် မိခင်နို့ရည်တော့ မဟုတ်ပါဘူး။ ထွက်ရှိမှုဟာ အနည်းအများ ပြောင်းလဲနိုင်သလို ထွက်လာတဲ့အရည်ဟာလည်း ပျစ်တာကျဲတာ ကွာခြားနိုင်ပါတယ်။

ဘာတွေကဖြစ်စေသလဲ

ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ နို့သီးခေါင်းကနေ အရည်(နို့ရည်)တွေထွက်တယ်ဆိုတာ ပုံမှန်ပါပဲ။ ရာသီလာချိန်နဲ့ တွယ်ဆက်တစ်ရှူးအမျှင်တွေ ပြောင်းလဲတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်းဖြစ်နိုင်ပါတယ်။ နို့တိုက်ချိန်မှာ သားမြတ်နှစ်ဖက်စလုံးကနေ ထွက်နိုင်ပါတယ်။ ကလေးငယ်အား နို့ဖြတ်ပြီးနောက် ၂နှစ်လောက်အထိ ဆက်လက်ထွက်ရှိနိုင်ပါတယ်။ သွေးကဲ့သို့ အရည်တွေထွက်တယ်ဆိုတာ အရည်ပြားအောက်မှာ ကင်ဆာမဟုတ်တဲ့အဖုအကျိတ်တွေရှိလို့လဲ ဖြစ်နိုင်ပါတယ်။ ထိုအကျိတ်တွေဟာ နေရာမရွေးဖြစ်ပေါ်နိုင်ပြီး နို့ထုတ်ပြွန်တစ်ခုကိုသာ သက်ရောက်နိုင်ပါတယ်။ ထိုအရည်တွေဟာ အလိုလျောက်ထွက်နေပြီး အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ultrasound ရိုက်ကြည့်ဖို့တော့လိုပါတယ်။ အဖြေထွက်လာလို့ နို့ထုတ်ပြွန်တွေမှာ ပိုးဝင်ပြီး အနာတရဖြစ်နေတာတွေ့ရင် ဆရာဝန်က ရင်သားကင်ဆာ ဟုတ်မဟုတ်သေချာအောင် အသားစကို ဓာတ်ခွဲစစ်ဆေးခိုင်းပါလိမ့်မယ်။

ရင်သားကင်ဆာ ဖြစ်လာနိုင်သလား

နို့သီးခေါင်းကနေ အရည်တွေထွက်တယ်ဆိုတာ အသက်အန္တရာယ်မရှိပေမယ့် ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ ထိုသို့ဖြစ်ပါက အောက်ပါလက္ခဏာတွေ ပြပါလိမ့်မယ်။
-သားမြတ်ထဲတွင် အဖု အခဲ ဖြစ်နေခြင်း
-သားမြတ်တစ်ဖက်ထဲကသာထွက်ခြင်း
-သွေးစများ ပါလာခြင်း
-အလိုလျောက် စိမ့်ထွက်နေခြင်း
-ပြွန်တစ်ခုထဲကိုသာ သက်ရောက်ခြင်း

ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကဘာလဲ
-ပြည်တည်ခြင်း
-ရောဂါပိုးဝင်ရောက်ခြင်း သို့ ရင်သားကင်ဆာ
-နို့ထုတ်ပြွန်အတွင်း၌ ကင်ဆာအကျိတ်ဖြစ်ခြင်း
-ဟော်မုန်းများ ချိ ု့ယွင်းခြင်း
-(ကလေးမမွေးထားဘဲ)နို့ရည်များ စိမ့်ထွက်နေခြင်း
-သားမြတ်ရှိ တွယ်ဆက်တစ်ရှူ းအမျှင်များ ပြောင်းလဲခြင်း
-သားမြတ်အား အလွန်အမင်း နှုံ့ဆော်မှုဖြစ်စေခြင်း
-သားမြတ်တွင် ထိခိုက်ဒဏ်ရာရခြင်း
-နို့ထုတ်ပြွန်များ ကျယ်နေခြင်း
-နို့ထုတ်ပြွန်အတွင်း၌ အကျိတ်တည်ခြင်း
-ဆေးဝါးများ
-ရာသီလာချိန် ဟော်မုန်းပြောင်းလဲခြင်း
-ရင်သားကင်ဆာတစ်မျိုး
-နို့ထုတ်ပြွန်တစ်ဝိုက်မှာ ရောင်ရမ်းနေခြင်း
-Pituitary gland(ဟော်မုန်းထုတ်ပေး)၌ အကျိတ်တည်ခြင်း

ဘယ်အချိန်မှာ ဆေးဝါးကုသမှုခံယူရမလဲ

နု့ိသီးခေါင်းက အရည်တွေ ထွက်နေတိုင်း ကင်ဆာဖြစ်တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် အောက်မှာ ဖော်ပြမယ့် အခြေအနေအတွက်တော့ ဒါဟာ သတိထားစရာပါပဲ။ ရာသီလာချိန်ပြီးဆုံးသွားပေမယ့် သွေးတွေ ဆင်းတာနဲ့ နို့ထုတ်ပြွန်မှ အရည်တွေစိမ့်ထွက်တာ မရပ်သေးဘူးဆိုရင်တော့ ဆရာဝန်နှင့် သွားပြသင့်ပါပြီ။ သင်က သွေးဆုံးပြီးသားဖြစ်နေပြီး အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် မြန်မြန်ဆန်ဆန် ဆေးကုသမှုခံယူတာ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly