သင့်ကလေးရဲ့ တိမ်မြုပ်နေတဲ့ ပါရမီတွေကို ဘယ်လိုရှာဖွေဖြည့်ဆည်းမလဲ

သင့်ကလေးရဲ့ တိမ်မြုပ်နေတဲ့ ပါရမီတွေကို ဘယ်လိုရှာဖွေဖြည့်ဆည်းမလဲ

ရေးသားသူ Dr . Phyu Mon Latt 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

မိဘတစ်ယာက်အနေနဲ့ ကလေးငယ်တွေရဲ့ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေကို အလွယ်တကူ တွေ့ရှိနိုင်တာကြောင့် သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေ၊ အားသာချက်တွေကို သိရှိဖို့ ကျွမ်းကျင်သူဆီမှာ သွားရောက်စစ်ဆေးရန် မလိုအပ်ပါဘူး။

ကလေးတွေရဲ့ အရည်အချင်းကို ဘယ်လိုဖေါ်ထုတ်မလဲ။

၁။ သင့်ကလေးငယ် ဆော့ကစားနေစဉ် စောင့်ကြည့်ပါ။

သင့်ကလေးငယ်ဆော့ကစားနေစဉ်မှာ သူတို့ဟာ ငြိမ်ငြိမ်လေး ထိုင်နေရတာကို ကြိုက်သလား၊ အရောင်ခြယ်တာကို ကြိုက်သလား၊ ပန်းခြံထဲမှာ ပြေးလွှားပြီး ဘောလုံးကန်နေရတာကို ကြိုက်သလား၊ ဒါမှမဟုတ် မြေကြီးကိုတူးပြီး တီကောင်တွေကို ရှာဖွေရတာ ကြိုက်သလားဆိုတာ စောင့်ကြည့်သင့်ပါတယ်။

သူတို့ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှုတွေဟာ သူတို့စိတ်ဝင်စားမှုတွေရဲ့ အရိပ်အမြွက်ဖြစ်ပြီး ကစားနေစဉ် ဖေါ်ထုတ်မယ်ဆိုရင် သူတို့အားသာချက်တွေနဲ့ ကလေးငယ်မှာ သိုဝှက်ထားတဲ့ အရည်အချင်းတွေ ရှိသလားဆိုတာကိုပါ သိနိုင်ပါတယ်။

၂။ သင့်ကလေးငယ်ကို မတူညီတဲ့ အရာတွေ ကစားပါစေ။

သင့်ကလေးငယ်ကို မတူညီတဲ့ အတွေ့အကြုံတွေကို ထိတွေ့စေပြီး ကစားခြင်း အတော်များများကိုပေးလုပ်ခြင်းဟာ သူတို့ဘာကိုကြိုက်နှစ်သက်ပြီး အားသာချက်တွေက ဘာတွေလဲဆိုတာ သိစေနိုင်ပါတယ်။ သူတို့ကို နေရာအတော်များများကို ခေါ်သွားပြီး ဝါသနာအသစ်တွေ ပေးခြင်း၊ မတူညီတဲ့ လှုပ်ရှားမှုတွေ အတူလုပ်ခြင်း၊ trial workshops တွေ တက်ခိုင်းခြင်း အားဖြင့် သူတို့ဘာကို နှစ်သက်သလဲဆိုတာ သိနိုင်ပါတယ်။

၃။ ကလေးငယ်တွေ စကားကို နားထောင်ပါ။

သူတို့ရဲ့ ကွယ်နေတဲ့ အရည်အချင်းကို ရှာဖွေဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သူတို့ရဲ့ အိပ်မက်တွေက ဘာတွေလဲ၊ အသက်ကြီးလာတဲ့အခါ ဘယ်သူဖြစ်ချင်လဲ၊ ဘာကို ကြိုက်နှစ်သက်သလဲဆိုတာ မေးမြန်းခြင်းပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေကို သူတို့ရဲ့ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေ တိုးတက်စေဖို့ ကူညီပါ။

သင့်ကလေးငယ်က သူတို့ရဲ့ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေဟာ ဘာလဲဆိုတာသိပြီဆိုရင် အောက်ပါအချက်တွေကို ပြုလုပ်ခြင်းအားဖြင့် သူတို့ကို အကောင်းဆုံးကူညီပေးနိုင်ပါတယ်။

၁။ အမြဲတမ်း ပံ့ပိုးပါ။

သူတို့ရဲ့ ဆန္ဒဟာ ဘယ်လောက်ပဲ ဖြစ်နိုင်ခြေနည်းပါစေ၊ မဖြစ်နိုင်ဘူးလို့ပြောပြီး သူတို့ရဲ့ အိပ်မက်တွေကို ရိုက်မချိုးသင့်ပါဘူး။ ဒီလိုလုပ်မယ့်အစား သူတို့ကို ပံ့ပိုးပြီး အောင်မြင်နိုင်တဲ့ ပန်းတိုင်ချမှတ်ရာမှာ ကူညီသင့်ပါတယ်။

၂။ ပညာရေးအမွေပေးပါ။

သူတို့ ကျွမ်းကျင်မှုကို လေ့ကျင့်စေခြင်းဖြင့် သူတို့ရဲ့ အရည်အသွေးကို တိုးမြှင့်ပေးပါ။ တကယ်လို့ ဂီတကို ချစ်တယ်ဆိုရင် ဂီတကျောင်းမှာ သင်ယူစေသင့်ပါတယ်။ သူတို့ အသက်ကြီးလာပြီး ဒါဟာ သူတို့လုပ်ချင်တဲ့အလုပ်သေချာတယ်ဆိုရင် သူတို့ဝါသနာနဲ့ ကိုက်ညီတဲ့ကျောင်းရွေးချယ်မှုကို အားပေးပြီး တက်စေသင့်ပါတယ်။ အနည်းဆုံးတော့ သူတို့ဟာ သင့်လျော်တဲ့ သင်တန်းကိုရရှိပြီး ကောင်းမွန်တဲ့ ဘွဲ့တစ်ခုရရှိမှာ ဖြစ်ပါတယ်။

၃။ သင့်လျော်တဲ့ အာဟာရ။

သင့်ကလေးငယ်ရဲ့ ဖုံးလွှမ်းနေတဲ့ အရည်အချင်းတွေကို တိုးတက်စေပြီး အကောင်းဆုံးပန်းတိုင်ကိုရောက်ရှိစေဖို့အတွက် ကျန်းမာစွာ အာဟာရမျှတစွာ စားသောက်ဖို့ကလည်း အရေးပါပါတယ်။ ဒါမှသာ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာမှာ ဖြစ်ပါတယ်။

သင့်ကလေးငယ်ဟာ သူတို့လိုအပ်တဲ့ ပံ့ပိုးမှု အကူအညီတွေကို ရရှိမယ်ဆိုရင် ဖုံးကွယ်နေတဲ့ အရည်အချင်းတွေ ပေါ်ထွက်လာနိုင်ပြီး တောက်ပနိုင်မှာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly