နယ်စပ်တစ်လျှောက် မြောက်ကိုရီးယားဆန့်ကျင်ရေး တောင်ကိုရီးယားက အသံချဲ့များဖြင့် ထုတ်လွှင့်နေခြင်း ကိုမြောက်ကိုရီးယား ရပ်တန့်ရန်တောင်းဆို

နယ်စပ်တစ်လျှောက် မြောက်ကိုရီးယားဆန့်ကျင်ရေး တောင်ကိုရီးယားက အသံချဲ့များဖြင့် ထုတ်လွှင့်နေခြင်း ကိုမြောက်ကိုရီးယား ရပ်တန့်ရန်တောင်းဆို

နှစ်နိုင်ငံကြား စစ်မဲ့ဇုန်တွင် မြေမြုပ်မိုင်းပေါက်ကွဲ ၍တောင်ကိုရီးယားစစ်သားနှစ်ဦး ဒဏ်ရာရရှိပြီးနောက် မြောက်ကိုရီးယားက စစ်မဲ့ဇုန်တွင် မိုင်းများ မြုပ်နှံသည်ဟု စွပ်စွဲကာမြောက်ကိုရီးယား ဆန့်ကျင်ရေး အသံလွှင့်ချက်များကို အသံချဲ့စက်များမှတစ်ဆင့် နယ်စပ်တွင် ထုတ်လွှင့်နေခြင်းအား မြောက်ကိုရီးယားက ရပ်တန့်ရန် တောင်ကိုရီးယားထံ တောင်းဆိုလိုက်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုကြောင့် ဆက်ဆံရေးတင်းမားနေစဉ် မိုင်းပေါက်ကွဲမှုကြောင့် စစ်သားနှစ်ဦး ဒဏ်ရာရသဖြင့် တင်းမာနေသည့်ဆက်ဆံရေးမှာ နှစ်နိုင်ငံကြား ပိုမိုဆိုးဝါး လာခဲ့သည်။

မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ကာ တောင်ကိုရီးယားက ပြင်းထန်စွာတုံ့ပြန်သွားမည်ဟု ကြုံးဝါးထားပြီး ယခုကဲ့သို့ နယ်စပ်တွင် အသံချဲ့စက်များဖြင့် မြောက်ကိုရီးယားဆန့်ကျင်ရေးပြောဆိုချက်များကို ထုတ်လွှင့်နေခြင်းဖြစ်သည်။

နယ်စပ်ရှိ အခြေစိုက်စခန်းများတွင် ယင်းသို့အသံလွှင့်ချက်များကို ထုတ်လွှင့်သွားမည်ဖြစ်ပြီး သစ်ပင်များကိုလည်း မြင်ကွင်းရှင်းရှင်းလင်းလင်းဖြစ်အောင် ခုတ်လှဲထားရမည်ဖြစ်ကြောင်း ပါလီမန်တွင်တောင် ကိုရီးယားကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁၃ ရက်က ပြောကြားခဲ့သည်။

၂၀၀၄ ခုနှစ်မှစကာ ထိုသို့ အသံလွှင့်ချက်များ ထုတ်ပြန်ခြင်းကို ရပ်တန့်ထားရာမှ "တောင်ကိုရီးယားနိုင်ငံဖက်က ယခုပြန်လည်လုပ်ဆောင်လာခြင်း သည်မြောက်ကိုရီးယားကို တိုက်ရိုက်စစ်ကြေညာ လိုက်ခြင်းပင်ဖြစ်ကြောင်း"မြောက်ကိုရီးယားစစ်တပ်က သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly