မန်ယူနည်းပြဟောင်း ဖာဂူဆန်ကို ပီဇာနှင့်ပေါက်ခဲ့သည်ဟု ဖာဘရီဂတ်စ် ဝန်ခံ

မန်ယူနည်းပြဟောင်း ဖာဂူဆန်ကို ပီဇာနှင့်ပေါက်ခဲ့သည်ဟု ဖာဘရီဂတ်စ် ဝန်ခံ

 

အောက်တိုဘာ ၅၊ လန်ဒန်။             ။ အာဆင်နယ်ကစားသမားဟောင်း၊ လက်ရှိချယ်လ်ဆီးကစားသမား ဖာဘရီဂတ်စ်က မန်ယူနည်းပြဟောင်း ဖာဂူဆန်ကို ပီဇာနှင့်ပေါက်ခဲ့သည်ဟု ဝန်ခံခဲ့သည်။

၂၀၀၄ခုနှစ်က အိုးထရက်ဖို့ဒ်တွင်ကစားခဲ့သောမန်ယူ-အာဆင်နယ်ပွဲအပြီးတွင် မန်ယူက ၂-ဝဂိုးဖြင့်အနိုင်ရပြီးနောက် ကွင်းအဝင်ဥမင်လှိုဏ်ခေါင်းအတွင်း နှစ်ဖက်ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များ ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့ကြသည်။

ယင်းအဖြစ်အပျက်အတွင်း အာဆင်နယ်ကစားသမားအချို့က နည်းပြ ဖာဂူဆန်ကို ပီဇာနှင့်ပစ်ပေါက်ခဲ့သည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တရားခံမပေါ်ခဲ့ပဲ ၁၃နှစ်အကြာတွင် ဖာဘရီဂတ်စ်က ဝန်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်း၏ ၄၉ပွဲရှုံးပွဲမရှိစံချိန်ကို မန်ယူကချိုးဖျက်ခဲ့ပြီးနောက် အငြင်းပွားဖွယ်ပင်နယ်တီကြောင့် နှစ်ဖက်ကစားသမားများ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  ကျွန်တော်အဝတ်လဲခန်းထဲကနေအသံတွေကြားတယ်။ ဘာဖြစ်မှန်းမသိဘူး။ ကျွန်တော်မြင်လိုက်တာက မာတင်ကီယွန်၊ ဆိုးလ်ကမ်းဘဲလ်၊ ရီယိုဖာဒီနန်တို့ တွန်းထိုးနေကြတယ်။ အဲ့အချိန်လက်ထဲက ပီဇာနဲ့ပစ်ပေါက်လိုက်မိမှန်းတောင် သေချာမသလိုက်ဘူး။ ကျွန်တော် ဒီအတွက် ဆာအဲလက်စ်ကို တောင်းပန်ပါတယ်။ ကျွန်တော့်သူ့ကို ရည်ရွယ်ပြီးပစ်ပေါက်ခဲ့တာမဟုတ်ပါဘူး။ ဟု ဖာဘရီဂတ်စ်ကပြောသည်။  

ပီဇာစစ်ပွဲဟု အင်္ဂလိပ်မီဒီယာများက တင်စားရေးသားခဲ့သော ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဖာဂူဆန်က ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိတွင် နောက်ဆိုရင်ပွဲအပြီး အဝတ်လဲခန်းနားမှာ ပီဇာတို့ကြက်သားတို့ မထားဖို့ ကျွန်တော်အကြံရခဲ့တယ်။

တစ်ခြားကလပ်တွေလည်းလုပ်သင့်ပါတယ်။ ဟုရေးသားဖော်ပြခဲ့သည်။ ဖာဘရီဂတ်စ်၏ ဝန်ခံပြောကြားချက်ကို မီဒီယာများက ၁၃နှစ်ကြာသမိုင်းဝင်ပြဿနာဖြေရှင်းနိုင်ခဲ့ပြီဟု တင်စားရေးသားဖော်ပြနေကြသည်။

Ref: The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly