လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ လာမည့် ရွေးကောက်ပွဲတွင် ၂၁ နေရာ ယှဉ်ပြိုင်မည်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ လာမည့် ရွေးကောက်ပွဲတွင် ၂၁ နေရာ ယှဉ်ပြိုင်မည်
ဓါတ်ပုံ - ဦးလွင်

မန္တလေး၊ သြဂုတ် ၁၅ ။        ။ လူ့ဘောင်သစ ်ဒီမိုကရက်တစ်ပါတီက လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ၂၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီ အထွေထွေအတွင်းရေးမှုး ဦးငွေလင်းက သြဂုတ် ၁၅ ရက်တွင် ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ ရုံးဖွင့်ပွဲ အခမ်းအနား နှင့် မြင်းခြံမဲဆန္ဒနယ်များမှ ဝင်ရောက် ယှဉ် ပြိုင်မည့် လွှတ်တော် ကိုယ်စားလောင်းများ မိတ်ဆက်ခြင်းအခမ်အနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် မြင်းခြံ မြို့ ဒေသခံများကို ပါတီ၏ မူဝါဒ နှင့် ရွေးကောက်ပွဲ  ဝင်ရသည့် အကြောင်း အရင်းကို  လူ့ဘောင်သစ်ဒီမိုကရက်ပါတီ၏ အထွေထွေ အတွင်ရေးမှူး ဦးငွေလင်းက ရှင်းပြခဲ့သည်။

၎င်းက ``အကြမ်းဖျင်း ဆိုလို့ရှိရင် တိုင်းနှင့်ပြည်နယ်စုံအောင် လုပ် လိုက် တယ်။ ကျွန်တော်တို့ အသံစုံ သွားနိုင်ပေါ့။ စစ်ကိုင်း၊မန္တလေး၊ အေရာဝတီ ၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်
တွေထဲက အချို့ပေါ့ ကျွန်တော်တို့ နိုင်သ လောက် ဝင်ဖို့ ကြိုးစား ထားပါတယ်´´ ဟု ပြောသည်။

ပါတီ အနေဖြင့် ရွေးကောက်ပွဲ  မဲဆန္ဒနယ်အသီးသီးတွင် စုစုပေါင်း ၂၁ နေရာ တွင်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အမည်စာရင်း တင်သွင်းထားကြောင်းသိရပြီးယင်း၂၁ နေရာတွင်  အမျိုးသမီးကိုယ် စားလောင်း ၅ ဦးလည်း ပါဝင်ကြောင်းလည်း  ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly