ပစ္စည်းတစ်ခုစီတိုင်းမှာ ဇာတ်လမ်းတွေ ရှိတယ်

ပစ္စည်းတစ်ခုစီတိုင်းမှာ ဇာတ်လမ်းတွေ ရှိတယ်

 

အောက်တိုဘာ ၃ ။               ။ နီလာ။ ဒီအရုပ်ရဲ့နာမည်ကတော့ နီလာပါ။ သူက “ လှတယ်”  ဆိုင်ရဲ့ အဓိကအရုပ် ဖြစ်သလို သူ့ကို ကျောင်းအင်္ကျီ၊ သနပ်ခါးလိမ်းထားတဲ့ ပုံစံနဲ့ တွေ့နိုင်ပါတယ်။

ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်းနဲ့ မဟာဗန္ဓုလလမ်းကြားမှာရှိတဲ့ လှတယ် ခေါ် HLA DAY ဆိုင်မှာ နီလာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

"သူက အစတုန်းကကြတော့ မင်္ဂလာဈေးမှာ ကျောင်းအင်္ကျီလေးတွေချုပ်ပြီး သွင်းတယ် ။ ဆိုင်စဖွင့်တော့ ဆိုင်ရဲ့ဒီဇိုင်နာကိုကမ်းလှမ်းလာတယ် ။ ကျောင်းအင်္ကျီလေးတွေကို ဒီဆိုင်မှာ   ရောင်းလို့ရမလား ဆိုပြီး ဒီဇိုင်နာကနေပြီးတော့ စဉ်းစားလိုက်တယ် ။ Target Market (အဓိကထားတဲ့ဈေးကွက်)က Local Market (ပြည်တွင်းဈေးကွက်)နဲ့ Foreigner (နိုင်ငံခြားသားဈေးကွက်) ဆိုပြီး Foreigner ဘက်မှာကြည့်မယ်ဆိုရင် ဒီကျောင်းအင်္ကျီလေးတွေက သူတို့နိုင်ငံကို ပြန်သယ်သွားမယ်ဆိုရင် သူတို့အတွက် အသုံးမဝင်ဘူး။ ဒီပစ္စည်း လုပ်တဲ့သူတွေက ကျောင်းအင်္ကျီလေးတွေ ချုပ်တတ်တယ် ။ စက်ချုပ်လုပ်ငန်းက အခြေခံလည်းရှိတော့ အကယ်၍ သူတို့ ဒီအရုပ်လေးတွေ ရောင်းပြီးလုပ်မယ်ဆိုရင် နိုင်ငံခြားသားတွေလည်း ဝယ်လို့ရမယ်။ Local တွေလည်း ဒီအရုပ်လေးကို သူတို့ကလေးတွေအတွက် အသုံးပြုလို့ရမယ်ဆိုပြီးတော့ ဒီအရုပ်လေးကိုလုပ်ခဲ့တာပါ "လို့ HLA DAY မှ လူမှုဆက်ဆံရေးအရာရှိ မစံပယ်တင် က ပြောပါတယ်။

ဒီဆိုင်မှာ ရောင်းချနေတဲ့ လက်မှုပစ္စည်းတွေထဲမှာ မသန်စွမ်းလက်မှုပညာရှင်တွေ လုပ်ထားတာတွေ တချို့သောရောဂါခံစားနေရတဲ့ လက်မှုပညာရှင်တွေ လုပ်ထားတာတွေ အပါအဝင် စွန့်ပစ်ပစ္စည်းတွေကို ပြန်လုပ်ထားတာတွေ ပါဝင်နေပါတယ်။

"ဒီစာအုပ်လေးတွေဆိုရင် မသန်စွမ်းအဖွဲ့အစည်းကနေလုပ်တာပါ မသန်စွမ်းအမျိုးသား၊ အမျိုးသမီးတွေ ကနေပြီးတော့ စတင်လုပ်ခဲ့တယ် ။ ရည်ရွယ်ချက်ကတော့ မသန်သော်လည်း စွမ်းပါတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာအုပ်လေးတွေလုပ်ခဲ့တယ် စာအုပ်လေးတွေကြည့်မယ်ဆိုရင်လည်း အရမ်းကို သေသပ်ပြီးတော့ Quality(အရည်အသွေး)ကောင်းမွန်ပါတယ် ။ ဒီစာအုပ်လေးတွေအပြင် Puppet(ရုပ်သေး)လေးတွေရယ် ဒီလိုအိတ်လေးတွေရယ်လုပ်ထားပါတယ်" လို့ မစံပယ်တင်က ပြောပြပါတယ်။

ချိတ်အဆင်လေးနဲ့ သေသပ်လှတဲ့ စာအုပ်လေးတွေ၊ Bookmark  အရုပ်လေး တွေနဲ့ စိတ်ဝင်စားစရာ အရောင်အသွေးပစ္စည်းလေးတွေက မသန်သော်လည်း စွမ်းတဲ့ လက်မှုပညာရှင်တွေက ပြုလုပ်ထားတာပါ။

ပြီးတော့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ်တို့ ကားတာယာတို့ကနေ ပြန်လုပ်ထားတဲ့ ပစ္စည်းတွေလည်း ရှိနေတာပါ။

သတင်းစာက ကာတွန် းဖြတ် ပိုင် း တွေနဲ့လုပ် ထားတဲ့ လက် ကိုင် ပိုက် ဆံ အိပ် တွေကလည်း “ လှတယ် ” မှာပဲ ရောင် းချ နေတာဖြစ် တယ်လို့ ပြောပါတယ် ။

အင်္ဂလိပ်လို “HLA DAY” ၊ မြန်မာလို “လှတယ် ” ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇွန်လက တည် ထောင် ခဲ့ပြီး အခုဆို ဆိုင်ဖွင့်လှစ်ခဲ့တာ တစ် နှစ် ကျော် သက် တမ် းရှိ နေပါပြီ။

မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးအများစုက အခြေခံလူတန်းစားတွေဖြစ်တဲ့အပြင် အပ်ချုပ်ကျွမ်းကျင်ကြတာ ကြောင့် သူတို့တွေတင်သွင်းရင်လည်းအဆင်ပြေစေဖို့ လက်မှုပစ္စည်းတွေကိုရောင်းချပေးတဲ့ လှတယ် ကို ဖွင့်ခဲ့တာလို့ သိရပါတယ်။

လက်မှုပစ္စည်းတွေကို နိုင်ငံအနှံ့မှ ထုတ်လုပ်သူ ၅၀ နီးပါးနဲ့ချိတ်ဆက်ထားပြီး လှတယ်ဆိုင်မှာ ရောင်းချနေတာပါ။

လှတယ် ဆိုင်မှာ လက်မှုပစ္စည်းအမျိုးအစားပေါင်း တစ်ထောင်ကျော်ရှိနေပြီး အနည်းဆုံး ၃ ထောင်ကျပ်ကနေ သိန်းဂဏန်းအထိ တန်ဖိုးကျသင့်မှာပါ။

လှတယ်ဆိုတဲ့ အရာဝတ္ထုလှလှလေးတွေနောက်မှာ ဘဝတွေ မလှပသော်လည်းစိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly