ချယ်ရီ FM ထုတ်လွှင့်မှုကိစ္စ ယနေ့ ဆုံးဖြတ်မည်

ချယ်ရီ FM ထုတ်လွှင့်မှုကိစ္စ ယနေ့ ဆုံးဖြတ်မည်

ချယ်ရီ FM၏ ထုတ်လွှင့်မှု နှင့် ပတ်သက်ပြီး ချယ်ရီ FM နှင့်ပြန်ကြားရေး ဝန်ကြီးဌာနတို့ ယနေ့ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက အစည်းအဝေးလျက်ရှိသည်ဟု ချယ်ရီ FM၏ တာဝန်ရှိသူ ဦးတိုးနိုင်မန်းက မဇ္ဈိမကို ပြောသည်။

"ကျွန်တော် ရန်ကုန်မှာ စောင့်နေပါတယ်ခင်ဗျ။ ချယ်ရီ FM က တာဝန်ရှိသူတွေ နေပြည်တော်မှာ အစည်းအဝေး မပြီးသေးပါဘူး။ အစည်းအဝေးပြီးရင် သူတို့ တရားဝင် ကြေငြာပါလိမ့်မယ်။" ဟု ဦးတိုးနိုင်မန်းက ပြောသည်။

ချယ်ရီ FM ထုတ်လွှင့်မှု ရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ပြီး ထုတ်လွှင့်မှုပစ္စည်းများကို သြဂုတ် ၁၅ရက် နံနက်က သိမ်းယူနေပြီဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုကိစ္စ နှင့် ပတ်သက်၍ "အဲ့လိုတော့ မဟုတ်ဘူးဗျ။ တချို့လည်း ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဘာကို ရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေတယ်။ ကိုယ်တိုင်လည်း မသိဘူး။" ဟု ၎င်းက ဆက်ပြောသည်။

ချယ်ရီ FM သည် ၂၀၀၉ခုနှစ် သြဂုတ် ၁၅ရက်နေ့က စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောတူညီမှုစာချုပ်ဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။

သြဂုတ် ၁၃ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းရာထူးမှ ဖယ်ရှားခံရပြီးနောက် ပါတီက ထုတ်ဝေလျက် ရှိသည့် ပြည်ထောင်စုနေ့စဉ်သတင်းစာကို ရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီးနောက် သူရဦးရွှေမန်း၏ ချွေးမ ဒေါ်ဇေဇင်လတ် ဦးဆောင်သည့် ချယ်ရီ FM ၏ ထုတ်လွှင့်မှုမှာလည်း ရပ်ဆိုင်းနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly