ဥရောပနယ်လှည့်ဖျော်ဖြေပွဲ ကျင်းပမည့်ရက်စွဲများကို ကန်ဒရစ်လာမား ထုတ်ပြန်ကြေညာ

ဥရောပနယ်လှည့်ဖျော်ဖြေပွဲ ကျင်းပမည့်ရက်စွဲများကို ကန်ဒရစ်လာမား ထုတ်ပြန်ကြေညာ

 

ကောလဟာလများထွက်ပေါ်နေသည့်အတိုင်း အမေရိကန်ရက်ပ်အဆိုတော် ကန်ဒရစ်လာမားသည် ဗြိတိန် အပါ အဝင် ဥရောပ၌ကျင်းပမည့် သူ၏နယ်လှည့်ဖျော်ဖြေပွဲ ရက်စွဲများကို ထုတ်ပြန်ကြေညာခဲ့သည်။

Damn ဟုခေါင်းစဉ်ပေးထားသော သူ၏နယ်လှည့်ဖျော်ဖြေပွဲများကို ဥရောပတိုက်၌လည်း ပြုလုပ်သွားမည်ဖြစ် ကြောင်း လာမားကသူ၏အင်စတာဂရမ်၌ ဖျော်ဖြေပွဲကျင်းပမည့် ရက်စွဲများကို ထုတ်ပြန်ကာ သူ၏ပရိသတ် များအား အသိပေးခဲ့သည်။

လာမားသည် Damn နယ်လှည့်ဖျော်ဖြေပွဲများကို ပြီးခဲ့သောဇူလိုင်လကတည်းက အမေရိကန်တစ်ဝန်း၌ ပြုလုပ် နေခဲ့ပြီး ယခုအခါတွင် ဥရောပသို့ ခြေဆန့်တော့မည်ဖြစ်သည်။

ဥရောပဖျော်ဖြေပွဲများကို လာမည့်ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့၌ ဖျော်ဖြေရင်း စတင်သွားမည်ဖြစ်ကာ ထို့နောက်တွင် ဗြိတိန်ရှိ ဘာမင်ဂမ်၊ မန်ချက်စတာ၊ ဂလက်စ်ဂိုးနှင့် လန်ဒန်မြို့များ၌ ဆက်လက် ဖျော်ဖြေသွားမည်ဖြစ်ပြီး အထူးဧည့်သည်အဆိုတော်အဖြစ် ဂျိမ်းစ်ဘလိတ်ခ်က ပါဝင်သီဆိုမည် ဖြစ်ကြောင်း သိရသည်။

လာမားသည် ပြီးခဲ့သော ၂၀၁၃ခုနှစ်ကတည်းက ဗြိတိန်သို့ လာရောက်ဖျော်ဖြေခြင်း မရှိသေးသောကြောင့် ယခုဥရောပဖျော်ဖြေပွဲခရီးစဉ်သည် သူ၏ဗြိတိန်ပရိသတ်များအတွက် သတင်းကောင်းတစ်ခုဖြစ်သည်။

လာမားသည် ပြီးခဲ့သော ၄နှစ်အတွင်း အယ်လ်ဘမ် ၂ချပ်ကျော်ထွက်ရှိခဲ့ပြီး ဂရမ်မီဆု ၇ ဆုခန့် ဆွတ်ခူးနိုင်ခဲ့ သည့် နာမည်ကျော်ရက်ပ်အဆိုတော်တစ်ဦးဖြစ်သည်။

သူ၏ဥရောပဖျော်ဖြေပွဲခရီးစဉ်၌ ပဲရစ်၊ အမ်စတာဒမ်၊ ဘာလင်နှင့် အော်စလိုတို့ကဲ့သို့သော ဥရောပမြို့ကြီးများ လည်းပါဝင်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly