ပထမကစားသမားနေရာအတွက် ယှဉ်ပြိုင်ရန် မန်ယူမှ မပြောင်းရွှေ့လိုကြောင်း ယာနူဇေးပြော

ပထမကစားသမားနေရာအတွက် ယှဉ်ပြိုင်ရန် မန်ယူမှ မပြောင်းရွှေ့လိုကြောင်း ယာနူဇေးပြော

သြဂုတ် ၁၅၊ မန်ချက်စတာ ။            ။ အသက် ၂၀ အရွယ်သာရှိသေးသည့် ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား ယာနူဇေးက ပထမကစားသမားနေရာအတွက် မန်ယူအသင်းတွင် ဆက်လက်နေထိုင် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဗီလာအသင်းကို မန်ယူအသင်းက အဝေးကွင်းတွင် ဝ-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ယာနူဇေးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယာနူဇေးသည် ဗီလာနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရရှိခဲ့ခြင်းမှာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုသွင်းဂိုးသည်လည်း ၂၀၁၄ ဧပြီလနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုး ဖြစ်သည်။

'ဒီထက်ပွဲထွက်ခွင့် ပိုမိုရရှိပြီး ဂိုးတွေ ပိုသွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်အသင်းပြောင်းဖို့ ကြိုးစားနေတယ်ဆိုတာ ကောလာဟလတွေပါ။ မန်ယူမှာ ကျွန်တော်ပျော်ပါတယ်။ ပထမကစား သမားနေရာရဖို့အတွက် တိုက်ပွဲဝင်သွားမှာပါ' ဟု ယာနူဇေးက ပြောသည်။

မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်ကလည်း ဗီလာနှင့်ပွဲစဉ်မတိုင်မီကတည်းက ယာနူဇေးအားရောင်းချမည်ဟု မှန်းဆပြောဆိုနေခြင်းများအား ပယ်ချထားသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly