ကျုးဘားတွင် အမေရိကန် သံရုံးပြန်ဖွင့်ကာ အလံလွှင့်တင်

ကျုးဘားတွင် အမေရိကန် သံရုံးပြန်ဖွင့်ကာ အလံလွှင့်တင်

နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်ကာ နှစ်ပေါင်း ၅၄ နှစ်ကြာပိတ်ခဲ့သည့် ကျုးဘားနိုင်ငံက အမေရိကန် သံရုံးပြန်လည် ဖွင့်လှစ်ကာ အလံလွှင့်တင်ပြီးနှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်နွေးထွေးလာမှု လက္ခဏာဖြစ်သည်။

နှစ်ပေါင်း ၇၀ အတွင်း ကျုးဘားသို့ ပထမဆုံးရောက်ရှိသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျွန်ကယ်ရီက ဟာဗာနားတွင် အမေရိကန်သံရုံးပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ကောင်းချီးပေးခဲ့သည်။

ကျုးဘားနိုင်ငံအား ကုန်သွယ်ခွင့်ပိတ်ဆို့ထားခြင်းကို အမေရိကန်အစိုးရအနေဖြင့် ရုပ်သိမ်းသွားရေးအမှန်ဆန္ဒရှိနေသော်လည်း ရီပတ်ဘရီကန်များကြီးစိုးသည့် ကွန်ဂရက်တွင် ပိတ်ဆို့ခံထားရခြင်း ရှိနေကြောင်း ဂျွန်ကယ်ရီက ပြောခဲ့သည်။

ကျုးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကတ်စထရိုက နှစ်ပေါင်း ၅၃ နှစ်တိုင်အောင် ကုန်သွယ်ခွင့်ပိတ်ဆို့ထားခြင်းကြောင့် အမေရိကန်က ကျုးဘားပေါ်တွင် ဒေါ်လာသန်းနှင့်ချီကာ အကြွေးတင်နေကြောင်း သြဂုတ် ၁၃ ရက်က အိတ်ဖွင့်ပေးစာ ပေးပို့ထားခြင်းဖြစ်သည်။

အလံလွှင့်တင်အခမ်းအနားသည် သမိုင်းတွင်ဖြစ်ရပ်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက်က ပြုလုပ်သည့် အခမ်းအနားတွင် ဂျွန်ကယ်ရီက ပြောခဲ့သည်။

သို့သော်လည်း ကျုးဘားနိုင်ငံရေးပြောင်းလဲမှုများအတွက် အမေရိကန်၏ ဖိအားပေးခြင်းများကမူ ရပ်တန့်သွားမည်မဟုတ်ကြောင်းလည်း ဂျွန်ကယ်ရီက ထည့်သွင်းပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly