ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်းနှစ် ရ၀ပြည့် ဂျပန်နှင့်တောင်ကိုရီးယားတို့ ကျင်းပ

ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်းနှစ် ရ၀ပြည့် ဂျပန်နှင့်တောင်ကိုရီးယားတို့ ကျင်းပ

ဂျပန်က ကိုရီးယားကို ၃၅ နှစ်ကြာ သိမ်းပိုက်ထားမှု အဆုံးသတ်ပြီး မဟာမိတ်အဖွဲ့ထံ လက်နက်ချခဲ့သည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၇၀ ပြည့်မြောက်အဖြစ် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အထိမ်းအမှတ်များ ပြုလုပ်သည်။

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက သြဂုတ် ၁၅ ရက်တွင် ဂျပန်လက်အောက်မှ နိုင်ငံလွတ်လပ်ရေးရသည့် အထိမ်းအမှတ် မိန့်ခွန်းကို ပြောကြားမည်ဖြစ်သည်။

ဂျပန်တွင်လည်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ဘုရင်မင်းမြတ်အကီဟီတိုတို့က တစ်မိနစ်တိတ်ဆိတ်လျက် အထိမ်းအမှတ်ပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။

သြဂုတ် ၁၄ ရက်က ဝန်ကြီးချုပ်အာဘေးသည် စစ်အတွင်း ဂျပန်နိုင်ငံ၏ ရပ်တည်ခဲ့မှုများနှင့် ပတ်သက်ပြီး အလွန်ဝမ်းနည်းစိတ်မကောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော်လည်း ရှင်ဇိုအာဘေးက လာမည့်ဂျပန်လူမျိုး မျိုးဆက်သစ်များအတွက် စစ်အတွင်းက ဂျပန်အပြုအမှုများနှင့် ပတ်သက်ပြီး တောင်းပန်ဖို့ ကံဇာတာ ပါပြီးသားမျိုးက မဖြစ်သင့်ဘူး ဟူ၍လည်းပြောကြား ခဲ့သည်။

ယခုနှစ်အတွက် ရှင်ဇိုအာဘေးက အငြင်းပွားဖွယ်ဖြစ်သော ဂျပန်သူရဲကောင်း ဂူဗိမာန် ယာဆူကူနီသို့ ယခင်နှစ်ကကဲ့သို့ သွားရောက်ခြင်း ပြုလုပ်မည်မဟုတ်သော်လည်း ယင်းနေရာတွင် အထိမ်းအမှတ်များ ကျင်းပမည်ဖြစ်သည်။

ဂျပန်သိမ်းပိုက်ခံအဖြစ် ကျရောက်ခဲ့သော် မြောက်ကိုရီးယားနိုင်ငံကလည်း ဂျပန်ကိုလိုနီပြုစဉ်က ပြင်ဆင်ခဲ့သည့် စံတော်ချိန်ကို ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ပြောင်းလဲပြင်ဆင် အသစ်ပြန်လည် သတ်မှတ်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly