အညာဒေသစာ တ​စောင်​းခါး​ကြော်​

အညာဒေသစာ တ​စောင်​းခါး​ကြော်​
 

 

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ အညာဒေသစာလေးဖြစ်တဲ့ တစောင်းခါး တစောင်းချဉ်လို့ခေါ်တဲ့ အပင်လေးကြော်စားဖြစ်ပါတယ်။ သူ့အရသာက အခါးနဲ့ အချဉ် ရောနေတက်တာမို့ အခါးကြိုက်တက်သူတွေအတွက် အဆင်ပြေစေမှာပါ။ ဒီအပင်လေးတွေကို နေရာဒေသ တော်တော်များများမှာ တွေ့နိုင်ပါတယ်။

ဟင်းချက်ဖို့ လိုအပ်တာတွေကတော့

တစောင်းခါးပင်   ၂၀သား

ပုဇွန်ခြောက်      အနည်းငယ်

ကြက်သွန်ဖြူ     အနည်းငယ်

ကြက်သွန်နီ      အနည်းငယ်

ငရုတ်သီးမှုန့်   အနည်းငယ်  လိုအပ်ပါတယ်။

 ပြီးရင်တော့ တစောင်းခါးပင်  လေးတွေကို ဓားပြားလေးနဲ့ ရိုက်ပြီး ဆားနယ်ထားပါ။ ဒါမှ အခါးဓာတ် လျော့စေမှာပါ။ပုဇွန်ခြောက်  ကြက်သွန်ဖြူ နီ နဲ့ ငရုတ်မှုန့်လေးကို လဲ ညက်ညက်လေးထောင်းပေးထားပါ။

ဆားနဲ့နဲနဲနယ်ပြီးရင်တော့ ရေဆေးပြီး ရေစစ်ပေးပါ။

ကြက်သွန်ဖြူ နီထောင်းလေးကို ဆီသတ်ပါ။ ဆီသတ်လို့ လိပ်သွားရင်တော့ ရေစစ်ထားတဲ့ တစောင်းခါးပင် လေးကို ထည့် မွှေပေးပါ။

အနှစ်နဲ့ အပင်လေးတွေ မွှေ တာနှံ့သွားရင်တော့ ရေလေးနဲနဲ ထည့်ပြီးနူးအောင်ချက်ပါ။

ဆီပြန်လာပြီဆိုရင်တော့  အရသာထူးခြားတဲ့ တစောင်းခါးဆီပြန်ကြော်လေးရပါပြီ။ဒီဟင်းလေးစားရင်းနဲ့ အညာဒေသရဲ့ ရနံ့လေး ခံစားနိုင်မှာပါ။ 

 

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly