ချင်းတွင်းမြစ်ရေလမ်းကြောင်း ဖြတ်သန်းခ ကောက်မည်

ချင်းတွင်းမြစ်ရေလမ်းကြောင်း ဖြတ်သန်းခ ကောက်မည်

သြဂုတ် ၁၅။        ။  ချင်းတွင်းမြစ် ရေလမ်းကြောင်းတွင် သွားလာနေသည့်ရေယာဉ်များအား ရေလမ်းကြောင်း ဖြတ်သန်းခများကို သြဂုတ်လ ၁၈ ရက်မှစတင်၍ကောက်ခံသွားမည် ဟုရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယနေ့ကြေညာသည်။

မုံရွာမြို့ရေလမ်းအကောက်စခန်းကို မုံရွာမြို့၏အထက်ဖက် ၁၁ မိုင်အကွာ ယင်းမာပင်မြို့နယ် ကျောက်မှော်ရွာဆိပ်ကမ်း (ချင်းတွင်းမြစ်အနောက်ဖက်ကမ်း) ၌ ထားရှိမည်ဖြစ်သည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေအပိုဒ် (၈၉) ပါ ပြဌာန်းချက်အရ ကောက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

ရေယာဉ်များသည် ရေလမ်းကြောင်းအသုံးပြုခများကို အကောက်စခန်းများ၌ ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်း မပျက်မကွက်ပေးဆောင်ရမည် ဟုရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၎င်း၏အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly