အာဆီယံထိပ်သီးအစည်းအဝေး ဒေါ်နယ်ထရမ့် တက်ရောက်မည်

အာဆီယံထိပ်သီးအစည်းအဝေး ဒေါ်နယ်ထရမ့် တက်ရောက်မည်

 

စက်တင်ဘာ ၃၀ ။                      ။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့် နိုဝင်ဘာလထဲမှာ အာရှဒေသကို လာရောက်မှာ ဖြစ်ပြီး အာဆီယံထိပ်သီး အစည်းအဝေးအပါအဝင် ဒေသတွင်းအစည်းအဝေးများကို တက်ရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၂၉ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

သမ္မတထရမ့်ဟာ နိုဝင်ဘာ ၃ ရက်ကနေ ၁၄ ရက်အတွင်း ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကို လာရောက်မှာဖြစ်ပါတယ်။

အဆိုပါ အာရှခရီးစဉ်အတွင်း သမ္မတထရမ့်ဟာ ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ မြောက်ကိုရီးယားခြိမ်းခြောက်မှုအန္တရာယ်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရှိတယ်ဆိုပြီး အိမ်ဖြူတော်က ပြောပါတယ်။

" သမ္မတရဲ့ ဒီအာရှခရီးစဉ်ကြောင့် လက်ရှိ မြောက်ကိုရီးယား ခြိမ်းခြောက်မှုအန္တရာယ်ကို နိုင်ငံတကာက ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းမှုကို ပိုမိုအားတက်စေမှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်   နျူကလီးယားကင်းစင်ရေးကိုလည်း သေချာသွားစေမှာဖြစ်ပါတယ်" ဆိုပြီး အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ ဆက်ဆံရေး အေးခဲ့ထားမှုကြောင့် ယင်းအရှေ့တောင်အာရှနိုင်ငံမှာကျင်းပမယ့် အာဆီယံညီလာခံ ထရမ့်တက်ရောက်လိမ့်မည်မဟုတ်ဟု မူလပထမတုန်းက ကောလာဟလသတင်းများ ထွက်ပေါ်နေခဲ့သော်လည်း ယခု လာမည့် နိုဝင်ဘာ ၁၃-၁၄ ညီလာခံတွင် ထရမ့်တက်ရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒ့ါအြ့ပင် နိုဝင်ဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ဗီယက်နမ်မှာ ကျင်းပမယ့်  အာရှပစိဖိတ်စီးပွားရေးပူးပေါင်းမှုအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးမှာလည်း ထရမ့်တက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly