ရင်သားကင်ဆာရောဂါခံစားနေရသည်ဟု မင်းသမီးဂျူလီယာလူဝီဒရေးဖက်စ် ထုတ်ဖော်ပြောဆို

ရင်သားကင်ဆာရောဂါခံစားနေရသည်ဟု မင်းသမီးဂျူလီယာလူဝီဒရေးဖက်စ် ထုတ်ဖော်ပြောဆို

 

အမေရိကန်ဟာသရုပ်သံဇာတ်လမ်းတွဲ Veep ၌ ပါဝင်သရုပ်ဆောင်ရင်း ထူးချွန်ဆုများဆွတ်ခဲ့သော မင်းသမီး ဂျူလီယာလူဝီဒရေးဖက်စ်က သူမသည် ရင်သားကင်ဆာ ရောဂါဝေဒနာကို ခံစားနေရပြီဖြစ်ကြောင်း တွစ်တာမှ တဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

“အမျိုးသမီး ၈ဦးမှာ ၁ဦးဟာ ရင်သားကင်ဆာရောဂါ ခံစားနေရပါတယ်။ ကျွန်မဟာလည်း အဲ့ဒီထဲကတစ်ယောက် ပါပဲ” ဟု သူမက သူမ၏လူမှုမီဒီယာအကောင့်၌ ရေးသားခဲ့သည်။

ဆက်လက်ပြီး “ သတင်းကောင်းကတော့ ကျွန်မရဲ့မိသားစုနဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေအားလုံးက ကျွန်မကို အားပေးနေကြပါတာပါပဲ” ဟု သူမက တွစ်တာ၌ရေးသားခဲ့သည်။

အသက် ၅၆နှစ်အရွယ်ရှိ မင်းသမီးဂျူလီယာသည် Saturday Night Live ၊ The New Adventures of Old Christine နှင့် Seinfeld စသော ရုပ်သံအစီအစဉ်များ၌လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ယခုလအစောပိုင်းက လူဝီဒရေးဖက်စ်သည် HBO မှထုတ်လွှင့်သော ဟာသရုပ်သံဇာတ်လမ်းတွဲ Veep ၌ ထုတ်ဖော်ပြသခဲ့သည့် သူမ၏ပြောင်မြောက်သော သရုပ်ဆောင်အရည်အသွေးများကြောင့်   ခြောက်ကြိမ်မြောက် Emmy ရုပ်ရှင်ထူးချွန်ဆုကို ဆွတ်ခူးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly