ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်မည့် အင်္ဂလန်အသင်း၏ လူစာရင်း ကြေညာ

ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်မည့် အင်္ဂလန်အသင်း၏ လူစာရင်း ကြေညာ

 

စက်တင်ဘာ ၂၉၊ အင်္ဂလန် ။                  ။ ဆလိုဗေးနီးယား၊ လစ်သူယေးနီးယားတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်များအတွက် အင်္ဂလန်အသင်း၏ကစားသမားစာရင်းကို နည်းပြဆောက်ဂိတ်က ထုတ်ပြန်ကြေညာခဲ့သည်။

ဆောက်ဂိတ်၏အသင်းတွင် အဓိက ကစားသမားများအားလုံးပါဝင်ခဲ့သော်လည်း လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီ ကျန်ရစ်ခဲ့သည်။ ဗာဒီသည် ယခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲအပြီးတွင် ၅ ဂိုးသွင်းယူထားသော်လည်း တင်ပါးဒဏ်ရာကြောင့် ချန်ရစ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

နည်းပြဆောက်ဂိတ်သည် တိုက်စစ်မှူးနေရာအတွက် ဟယ်ရီကိန်း၊ ရက်ရှ်ဖို့ဒ်၊ ဒီဖိုးနှင့် စတူးရစ်ချ်တို့ကို ရွေးချယ်သွားခဲ့သည်။

ဆောက်ဂိတ်၏အသင်းတွင် ပြီးခဲ့သည့်ပွဲစဉ်တုန်းက လက်ခလယ်ထောင်ပြခဲ့သည့် အလီပါဝင်လာခဲ့သလို ယခုနှစ်ရာသီ၌ ၂၂၃ မိနစ်သာ ကစားထားသော မန်စီးတီးကွင်းလယ်လူ ဖေဘီယန်ဒဲလ်လည်း ပါဝင်လာခဲ့သည်။

အင်္ဂလန်အသင်းသည် လက်ရှိအချိန်တွင် ရမှတ် ၂၀ ရရှိထားပြီး ဒုတိယနေရာမှ ဆလိုဗက်ကီးယားအသင်းကို ၅ မှတ်ဖြတ်ထားနိုင်သည်။ ထို့ကြောင့် လက်ကျန်ပွဲစဉ် ၂ ပွဲတွင် တစ်ပွဲအနိုင်ရရုံဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်မည် ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်း

-------------------------------------------

ဂိုး - ဘတ်လန်း(စတုခ်စီးတီး)၊ ဂျိုးဟတ်(ဝက်စ်ဟမ်း)၊ ဖော်စတာ(ဆောက်သမ်တန်)၊ ပစ်ဖို့ဒ်(အဲဗာတန်)

နောက် - ဘာထရန်(ဆောက်သမ်တန်)၊ ကာဟေးလ်(ချယ်လ်ဆီး)၊ ခရက်စ်ဝဲလ်(ဝက်စ်ဟမ်း)၊ ဖေးလ်ဂျူံးစ်၊ စမောလင်း(မန်ယူ)၊ မိုက်ကယ်ကိန်း(အဲဗာတန်)၊ မာဂူရီ(လက်စတာ)၊ ဂျွန်စတုန်း၊ ဝေါ်လ်ကာ(မန်စီးတီး)၊ ထရစ်ပီယာ(စပါး)

လယ် - အလီ၊ ဒီယာ(စပါး)၊ စတာလင်း၊ ဒဲလ်(မန်စီးတီး)၊ ချိန်ဘာလိန်၊ ဟန်ဒါဆင်(လီဗာပူးလ်)၊ လင်ဂတ်(မန်ယူ)၊ လစ်ဗာမိုး(ဝက်စ်ဘရွန်း)

ရှေ့ - ဟယ်ရီကိန်း(စပါး)၊ ရက်ရှ်ဖို့ဒ်(မန်ယူ)၊ စတူးရစ်ချ်(လီဗာပူးလ်)၊ ဒီဖိုး(ဘုန်းမောက်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly