အဆန်စီယိုကို ယူရိုသန်း ၅၀၀ တန် ကမ္ဘာ့စံချိန်တင် လျော်ကြေးစာချုပ်နှင့် ရီးယဲလ်အသင်း သက်တမ်းတိုး

အဆန်စီယိုကို ယူရိုသန်း ၅၀၀ တန် ကမ္ဘာ့စံချိန်တင် လျော်ကြေးစာချုပ်နှင့် ရီးယဲလ်အသင်း သက်တမ်းတိုး
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်အသင်းဟာ လူငယ်ကွင်းလယ်ကစားသမား မာကို့ အဆန်စီယိုကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်,ချုပ်ဆိုလိုက်ပြီး ယူရိုသန်း ၅၀၀ တန် ကမ္ဘာ့စံချိန်တင် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း လက်ရှိလာလီဂါချန်ပီယံအသင်းက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် စပိန်လူငယ်ကစားသမားဟာ ၂၀၁၄ ခုနှစ်မှာ ရီးယဲလ်အသင်းကို ရောက်ရှိခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ရာသီတွေမှာ မာယော့ကာနှင့် အက်စ်ပန်ညိုအသင်း အသီးသီးတို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။

အဆန်စီယိုဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းကို ပြန်လည်ရောက်ရှိခဲ့ပြီး ၃၈ ပွဲ ပါဝင်ကစားကာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ မကြာသေးမီက နည်းပြဇီဒန်းကို စာချုပ်သစ်ချုပ်ဆိုထားသလို အစ္စကို၊ မာဆယ်လို၊ ကာဗာဂျယ်၊ ဘန်ဇီမာ၊ ဗာရန်း၊ လူကာ မိုဒရစ်နှင့် တိုနီခရူစ်တို့ကို စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

အဆန်စီယိုဟာ သောကြာနေမှာ စန်တီယာဂိုဘာနေဗျူးကွင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကလပ်အသင်းအရ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly