နည်းပြ အန်ဆယ်လော့တီနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ လမ်းခွဲ

နည်းပြ အန်ဆယ်လော့တီနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ လမ်းခွဲ
(ဓာတ်ပုံ - အီးပီအေ)

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းကို ၃-၀ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ အီတလီလူမျိုးနည်းပြ ကာလို့ အန်ဆယ်လော့တီနှင့် ပူးပေါင်းမှုကို လမ်းခွဲလိုက်ပြီဖြစ်ကြောင်း လက်ရှိဘွန်ဒီလီဂါချန်ပီယံက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

ယခင်ပီအက်စ်ဂျီအသင်းနည်းပြဖြစ်ဖူးသူ အန်ဆယ်လော့တီဟာ ဂွာဒီယိုလာရဲ့ နေရာကို လက်ခံရယူဖို့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက စပိန်ဘီလူးကြီး ရီးယဲလ်မက်ဒရစ်အသင်းမှ ဘိုင်ယိုင်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အန်ဆယ်လော့တီနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ထောက်နည်းပြ ဝီလီဆစ်ဂ်ညောကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒီလီဂါမှာ ဟော်ဖန်ဟင်မ်အသင်းကို ရှုံးနိမ့်ပြီးနောက် ဒီရာသီမှာ ဒုတိယအကြိမ် ရှုံးပွဲတွေ့ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဒေါ့မွန်အသင်းရဲ့ နောက် တတိယနေရာမှာ ရမှတ် ၁၃ မှတ်နဲ့ ရပ်တည်နေပါတယ်။

ရီးယဲလ်နှင့် ချယ်လ်ဆီးတို့ရဲ့ နည်းပြဟောင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အမှတ်ပေးဖလား တစ်ကြိမ်နှင့် စူပါဖလား ၂ ကြိမ် ဆွတ်ခူးရယူခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly