သားလေးလား၊ သမီးလေးလား ရွေးချယ်ဖို့ မိခင်လောင်းတို့ စားသောက်နည်း

သားလေးလား၊ သမီးလေးလား ရွေးချယ်ဖို့ မိခင်လောင်းတို့ စားသောက်နည်း

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

သားလေးလား၊ သမီးလေးလား ရွေးချယ်ဖို့ မိခင်လောင်းတို့ စားသောက်နည်း

ဆေးသိပ္ပံဆိုင်ရာ ရှားပါးနည်းလမ်းတွေ (ဖန်ပြွန်သန္ဓေသား သို့မဟုတ် သုက်ရည်အတုဖန်တီးခြင်း) မှလွဲ၍ သဘာဝနည်းအတိုင်းတွင် ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလားဆိုတာဟာ ကံစမ်းမဲနှိုက်ရသလိုပါပဲ။ ခုချိန်ထိ သင့်ရဲ့စားသောက်မှုပုံစံဟာ သင်ဘာလေးမွေးမယ်ဆိုတာပေါ် လွှမ်းမိုးမှုရှိနေတယ်ဆိုတာ သင်မသိသေးဘူးမဟုတ်လား။
ကယ်လိုရီများများစားတာဟာ ယောက်ျားလေးမွေးနိုင်ပါတယ်။

Sir Jules Thorn Charitable Trust ထူထောင်ခဲ့တဲ့ ဗြိတိန်လေ့လာမှုတစ်ခုမှာတော့ သားဦးကိုယ်ဝန်ဆောင်နေတဲ့အမျိုးသမီး ၇၂၁ဦးကို ကိုယ်ဝန်ကာလ ၃လမကျော်မီမှာ တောက်လျှောက် သူတို့ရဲ့စားသောက်မှုအလေ့အထအကြောင်း အသေးစိတ် မေးမြန်းခဲ့ပါတယ်။ မှတ်တမ်းတွေအရ တူညီတဲ့စားသောက်မှုပုံစံနဲ့အတူ အဆိုပါအမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်ဝန်ဆောင် အစားအသောက်နေ့စဉ်မှတ်တမ်းကိုလည်း ပြုလုပ်ဖို့လိုအပ်ပါတယ်။

သူတို့ရဲ့ အဖြေတွေကို အုပ်စု၃ခုခွဲပြီးနောက် လေ့လာသူတွေဟာ အဆုံးသတ်ရလဒ်တစ်ခုကို တွေ့ရှိနိုင်ခဲ့ပါပြီ။ ဒါကတော့ ကယ်လိုရီကို ၂၂၀၀နဲ့အထက် စားသုံးခဲ့တဲ့ မိခင်တွေဟာ တစ်ရက်ကို ပျမ်းမျှ ကယ်လိုရီ ၁၈၅စားသုံးသူတွေနဲ့စာရင် ယောက်ျားလေးမွေးနိုင်ချေ ၁၁ ရာခိုင်နှုန်းပိုမိုများပြားပါတယ်။ ဒီရလဒ်က အမျိုးသမီးတွေ ပိုစားလေလေ ယောက်ျားလေးမွေးနိုင်ချေပိုစားလေလေလို့ ရည်ညွှန်းနေပါတယ်။ ကယ်လိုရီပိုများလေလေ ယောက်ျားလေးရနိုင်ချေ ပိုများလေလေပါပဲ။ ဒီရှာဖွေတွေ့ရှိမှုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဘာကြောင့်ယောက်ျားလေးမွေးတာ ပိုများသလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို ဖြေဆိုနိုင်ဖို့ လုံလောက်သွားပါပြီ။ ဒါပေမယ့် ဒီလေ့လာမှုမှာ  မိခင်တွေရဲ့ BMI (ကိုယ်အလေးချိန် အညွှန်းကိန်း)နဲ့ ကလေးငယ်ရဲ့ လိင်အုပ်စုနဲ့ ကြားမှာ ဆက်စပ်နေတယ်ဆိုတာမျိုးကို မတွေ့ရပါဘူး။

ဘာလေးလိုချင်လဲဆိုတာပေါ်မူတည်ပြီး သင်စားသင့်တဲ့ စားသောက်မှု ပုံစံ

အဆိုပါလေ့လာမှုတွေပေါ်မူတည်ပြီး လူတွေဟာ သူတို့လိုချင်တဲ့ ကလေးရဲ့လိင်ရနိုင်ဖို့အတွက် စားသောက်မှုပုံစံတွေအမျိုးမျိုး စဉ်းစားလာကြပါတယ်။

ဒီထဲမှာတော့ ယေဘုယျအားဖြင့်ခွဲခြားကြည့်မယ်ဆိုရင်-

 ယောက်ျားလေးအတွက် စားသောက်မှုပုံစံ

ယောက်ျားလေးရချင်တယ်ဆိုရင်တော့ ပိုတက်ဆီယမ်နဲ့ ဆားပါဝင်မှုကြွယ်ဝတဲ့ ကယ်လိုရီများတဲ့စားစရာတွေကို စားသုံးသင့်ပါတယ်။ (ဒီထဲမှာ စီရီယယ်တွေ၊ ငှက်ပျောသီး၊ အသားနဲ့ ကော်ဖီတွေပါဝင်ပါတယ်။ ) ရည်ရွယ်ချက်ကတော့ တတ်နိုင်သမျှသင့်ခန္ဓာကိုယ်ကို alkaline (အယ်လ်ကာလိုင်းဓါတ်) ဖြစ်အောင်လုပ်ပြီး ယောက်ျားလေးသုက်ပိုးကို ရှင်သန်နိုင်ဖို့ အခွင့်အလမ်းပိုများစေသည်။

မိန်းကလေးအတွက် စားသောက်မှုပုံစံ

တကယ်လို့သင်က မိန်းကလေးပဲရချင်တာဆိုရင်တော့ အထက်ပါအချက်တွေနဲ့ ပြောင်းပြန်သာလုပ်ပါ။ ကယ်လိုရီနည်းတဲ့အစာတွေစားပါ။ ဆိုလိုတာက အက်စစ်ဓာတ်များတဲ့အစာတွေဖြစ်တဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ဘယ်ရီသီးတွေကိုများများစားပေးပါ။ ရည်ရွယ်ချက်ကတော့ သင့်ခန္ဓာကိုယ်ရဲ့ အက်ဆစ်ဓာတ်ကို မြင့်မားစေပါတယ်။

ဒါပေမယ့် ဒီလိုအစားအသောက်တွေဟာ ယေဘုယျအားဖြင့်တော့ ကလေးရဲ့ လိင်ကိုမခန့်မှန်းနိုင်မှီ လအနည်းငယ်အတွင်းမှာစားတာပဲ အန္တရာယ်ကင်းတာပါ။ မိခင်တွေလောင်းတွေဟာ ကျန်းမာပြီး အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အာဟာရပြည့်ပြီး ညီမျှတဲ့စားသောက်နေထိုင်မှုပုံစံရှိဖို့ အလွန်အရေးကြီးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly