ကလေးတွေ ဘယ်အချိန်မှာ ရေစတိုက်လို ့ရသလဲ

ကလေးတွေ ဘယ်အချိန်မှာ ရေစတိုက်လို ့ရသလဲ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကလေးတွေ ဘယ်အချိန်မှာ ရေစတိုက်လို့ရသလဲ

ယေဘုယျအားခြင့် ၆လမပြည့်မချင်းကလေးကို ရေမတိုက်သင့်ပါဘူး။ အဲဒီမတိုင်ခင်ထိက ကလေးတွေဟာ နွေရာသီမှာတောင်မှ မိခင်နို့ကနေရေဓာတ်အလုံအလောက် ရရှိပါတယ်။   ခြောက်လပြည့်ပြီဆိုရင်တော့ ကလေးရေဆာတဲ့အခါ ရေနည်းနည်း တိုက်နိုင်ပါတယ်။ ဗိုက်နာခြင်းနဲ့ ရင်ပြည့်ရင်ကယ် တွေဖြစ်နိုင်တာကြောင့် အများကြီးတော့ မတိုက်ပါနှင့်။
တစ်နှစ်ပြည့်ပြီးကလေးက အဖတ်တွေစားနိုင်ပြီး နို့တစ်ခွက်လုံးသောက်နိုင်လာပါက သူတို့ရေသောက်ချင်သလောက်သောက်ဖို့ ခွင်ပြုလို့ရပါပြီ။

၆လအောက် ကလေးငယ်တွေကို ရေတိုက်တာဟာဘာကြောင့် အန္တရယ်များတာလဲ။

ထိုသို့နို့တိုက်ခြင်းက မိခင်နို့နဲ့ နို့မှုန့်တွေကနေ ကလေးကအဟာရစုပ်ယူခြင်းကို တားစီးပါတယ်။ ဒါ့အပြင် ကလေးတွေကိုရင်ပြည့်ရင်ကယ် ဖြစ်စေပြီးအစာမစားချင်အောင်လုပ်ပါတယ်။
အချိုု့အခြေအနေတွေမှာ ကလေးတွေကို ရေအရမ်းတိုက်ခြင်းက တက်ခြင်းနဲ့ သတိလစ်ခြင်းတု့ိဖြစ်နိုင်တဲ့ ရေဆိပ်သင့်ခြင်းထိတောင် ရောက်သွားနိုင်ပါတယ်။ ရေအရမ်းသောက်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆိုဒီရမ် ကိုအားပျော့စေကာဓါတ်ပမာဏ မျှခြေကို နှောင့်ယှက်ရုံသာမက အသားတွေဖောင်းကားလာစေသောကြောင့် ရေဆိပ်သင့်ခြင်းဖြစ်ပွားပါတယ်။

နို့မှုန့်ကိုကော ရေရောနိုင်ပါသလား။

နို့မှုန့်ကို ရေနဲ့ရောပြီး များများရအောင်မလုပ်ပါနဲ့။ အညွှန်းကိုဂရုတစိုက်ဖတ်ကာ ရေကိုအညွှန်းအတိုင်းထည့်ပေးပါ။ နို့မှုန့်ကို ရေအရမ်းရောခြင်းက ရေဆိပ်သင့်စေနိုင်ရုံသာမက ပါဝင်တဲ့အာဟာရတွေကိုလည်း လျော့နည်းစေပါလိမ့်မယ်။

ကလေး ရေဓာတ်ခန်းခြောက်လာတဲ့အခါ ဘာတွေလုပ်သင့်လဲ။

တချို့အခြေအနေတွေမှာ- ဥပမာအားဖြင့် ကလေးကအစာအိမ်နဲ့အူရောင်ရမ်းနာဖြစ်နေလျှင် ဆရာဝန်က Pedialyteဒါမှမဟုတ် Infanlyteကဲ့သို့သောဓာတ်ဆားရည်များကိုရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန်ပေးပါလိမ့်မယ်။

ကလေးက ဘယ်အချိန်မှာ ဆိုဒါ အအေးတွေကိုသောက်နိုင်မလဲ။

ဆိုဒါအအေးတွေမှာ ပါဝင်တဲ့ ဓာတ်သတ္ထုဓာတ်တွေကတော့ ဆိုဒီယမ်၊ ကယ်ဆီယမ် နဲ့ အခြားဓာတ်သတ္တ္ထုနည်းငယ် ဖြစ်ပါတယ်။ ပါဝင်ပစ္စည်း အတိအကျကတော့ ထုတ်လုပ်ပုံပေါ်မူတည်ပါတယ်။ အဲဒါကြောင့် ပြောဖို့တော့ခက်ခဲပါလိမ့်မယ်။ တချို့ဆိုဒါတွေမှာဆိုဒီယမ်နဲ့ တခြားအလားတူတွေ လိုတာထက်ပါဝင်ပါတယ်။ ထိုဆိုဒါတွေကတော့ ကလေးရဲ့ကျောက်ကပ်ကို ထိခိုက်ရုံသာမက တခြားအင်္ဂါတွေကိုလည်း ထိခိုက်နိုင်ပါသေးတယ်။

ဆိုဒါတိုက်တယ်ဆိုတာကတော့ ဆိုးဆိုးဝါးဝါးစိတ်ကူးပါ။ ဘာကြောင့်လဲဆိုတော့ ဆိုဒါတွေက ဂတ်စ်တွေနဲ့ ပြုလုပ်ထားပြီးကလေးတွေအတွက် မကောင်းလို့ပါ။ ဆိုဒါတိုက်ခြင်းက အော့အန်ခြင်းနဲ့   လေချဉ်တက်ခြင်းတွေကို ဖြစ်စေရုံသာမကဗိုက်နာခြင်းနဲ့ မအီမသာတွေတောင် ဖြစ်စေနိုင်ပါတယ်။ကလေး၂နှစ်ပြည့်ပြီးပါလျှင် ဆိုဒါအပျော့လေးကတော့ အန္တရယ်မပေးတော့ပါဘူး။ (သူတို့ရဲ့ကျောက်ကပ်ကဒဏ်ခံနိုင်လာလို့ပါ) ဒါပေမဲ့ ဆိုဒါတွေကကောင်းကျိုးရှိတယ်လို့တော့ အကြံမပြုထားပါဘူး။ ရိုးရိုးရေထက် ပိုပြီးအကျိုးမရှိသလို ဘေးကင်းတယ်ဆိုတာလည်း မသေချာပါဘူး။ ဆိုဒါ အချိုရည်တွေကကလေးတွေအတွက်မပြောနဲ့၊ လူကြီးတွေအတွက်တောင် မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုဒါအအေးတွေကအသက်အရွယ်မရွေးဗိုက်နာစေရုံသာမက ကလေးတွေမှာလေထိုးလေအောင့်ခြင်းနဲ့ မအီမသာဖြစ်ရခြင်းရဲ့ တရားခံပါ။ ကလေးတွေကဆိုဒါအအေးတွေ သောက်ရတာ အဆင်ပြေလာတဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ စွဲလမ်းသွားတတ်ကြပါတယ်။ ဆိုဒါအအေးတော်တော်များများမှာသွားကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆိုဒီယမ်၊ သကြား၊ လူလုပ် အနံ့အရသာတွေ နဲ့ အခြားသောဓါတုဒြပ်ပစ္စည်းတွေ ပါပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly