ကိုရီးယား စုံထောက်ဇာတ်ကား "Veteran" လက်မှတ်ရောင်းချရမှု စံချိန်တင်

ကိုရီးယား စုံထောက်ဇာတ်ကား "Veteran" လက်မှတ်ရောင်းချရမှု စံချိန်တင်

ဆိုးလ်၊ သြဂုတ် ၁၃ ။      ။ ကိုရီးယား ရုပ်ရှင်ဇာတ်ကားသစ် တစ်ခု ဖြစ်သည့် "Veteran" ကားသည် သြဂုတ်လ ၁၃ ရက်က စံချိန်တင် လက်မှတ်ရောင်းချရမှုနှုန်း လေးသန်းကို ကျော်လွန်သွားခဲ့ပြီး အခြားသော ဇာတ်ကားများထက် သာလွန်သွားခဲ့သည်။

" ကျွန်တော်တို့ရဲ့ ဒီဇာတ်ကားကို နှစ်သက် အားပေးကြသူတွေအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားလိုပါတယ်။ လူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ လျော့ကျနိုင်စေတဲ့ ဒီလိုမျိုး ဇာတ်ကား မျိုးကို ကျွန်တော် အမြဲတမ်း ရိုက်ကူးသွားချင်ပါတယ်" ဟု အဆိုပါ ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ရူဆောင်ဝမ်က ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ထရပ်ကားမောင်းနှင်သူတစ်ဦး ထူးဆန်းစွာ သေဆုံးသွားမှုတွင် ပါဝင်ပတ်သက်နေသော လူချမ်းသာ မိသားစုတစ်စုမှ မောက်မာလှသည့်သားဖြစ်သူအား ဝါရင့် စုံထောက်တစ်ဦးက  ချဉ်းကပ်၍ လိုက်လံစုံစမ်းပုံအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

" ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာလည်း အမှန်တရားဘက်က အမြဲရပ်တည်တတ်တဲ့ ဒီကားထဲက စုံထောက် ဆိုဒိုချိုးလိုမျိုး လူမျိုးတွေ အများကြီး ရှိစေချင်ပါတယ်" ဟု ဒါရိုက်တာ ရူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags