မြန်မာယူ-၁၆ အသင်း ထိုင်း၊ မလေးရှားအသင်းများနှင့် ခြေစမ်းရန် စီစဉ်ထား

မြန်မာယူ-၁၆ အသင်း ထိုင်း၊ မလေးရှားအသင်းများနှင့် ခြေစမ်းရန် စီစဉ်ထား
အာဆီယံယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားနေပုံ။

ရန်ကုန်၊ သြဂုတ် ၁၄ ။         ။ အာရှယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲမတိုင်မီ အကြိုပြင်ဆင်မှုအဖြစ် မြန်မာယူ-၁၆ အသင်းသည် မလေးရှားယူ-၁၆ အသင်း၊ ထိုင်းယူ-၁၆ အသင်းများနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်ဟု နည်းပြ ချုပ် အဲရစ်ဝီလျံက ပြောသည်။

မြန်မာယူ-၁၆ အသင်းမှာ ၂၀၁၅ အာဆီယံယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း ထိုင်းကို ရှုံးကာ ဒုတိယဆုသာ ရရှိခဲ့သည်။

“အာရှခြေစစ်ပွဲအောင်ဖို့က ကျွန်တော့်ပစ်မှတ်ပါ။ လက်ရှိကစားသမားတွေရဲ့ခြေစွမ်းကို ကျွန်တော်ကိုယ်တိုင်တောင် အံ့အားသင့်မိပါတယ်။ ကျွန်တော်နဲ့လေ့ကျင့်ရတဲ့ တစ်ပတ်အတွင်းကို ကျွန်တော့် စားကွက်အတိုင်း လိုက်ကစားနိုင်တဲ့အတွက် သူတို့ရဲ့ဘောလုံးကျွမ်းကျင်မှုကို အထင်ကြီးမိ ပါတယ်”ဟု အဲရစ်ဝီလျံက ပြောသည်။

မြန်မာယူ-၁၆ အသင်းသည် အာရှယူ-၁၆ ချန်ပီယံရှစ်ခြေစစ်ပွဲတွင် သြစတြေးလျ၊ ဗီယက်နမ်၊ ဂူအမ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly