ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာအများဆုံး ကစားသမား ဟာဇက် ဖြစ်လာဖွယ်ရှိ

ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာအများဆုံး ကစားသမား ဟာဇက် ဖြစ်လာဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ၎င်းတို့ရဲ့ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဟာဇက်ကို တစ်ပတ်ပေါင် (၃၀၀,၀၀၀) ဖြင့် စာချုပ်သစ်ချုပ်ဆိုဖို့ အသင့်ဖြစ်ရာ ကစားသမားအနေဖြင့် ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာ အများဆုံးရကစားသမားအဖြစ် စံချိန်တင်သွားဖွယ်ရှိကြောင်း သိရပါတယ်။

ဟာဇက်ဟာ လက်ရှိတစ်ပတ်လုပ်ခလစာ ပေါင် (၂၂၀,၀၀၀) ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းက ရီးယဲလ်အသင်းရဲ့ ရယူလိုမှုကို တားဆီးရန် တစ်ပတ်လုပ်ခ ပေါင် (၃၀၀,၀၀၀)ဖြင့် ကမ်းလှမ်းမယ်လို့ ဆိုပါတယ်။

အဆိုပါလုပ်စာသစ်က ပရီးမီးယားလိဂ် လုပ်ခလစာ အများဆုံးရသူ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုများပြားဖြစ်ရာ ဟာဇက်အနေနဲ့ ၎င်းကို ဖြတ်ကျော်သွားဖွယ်ရှိနေပါတယ်။

အသက် ၂၆ နှစ်ရှိ ဟာဇက်ဟာ ဒဏ်ရာကြောင့် ၃ လခန့်အနားယူခဲ့ရပြီး ရာသီအစပွဲစဉ်များကို လွဲချော်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ အဓိက ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားနေပြီဖြစ်ပါတယ်။

Ref; Sports Illustrated

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly