အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

သင်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ဘာကြောင့်များမဖြစ်ရတာလဲလို့တွေးမိတဲ့အခါမျိုးမှာ ဖြစ်ပျက်နေတဲ့ အရာတိုင်းဟာ ကိုယ်စိတ်ထဲကရှိနေတဲ့ အရာတွေအတိုင်းဖြစ်လာတတ်တယ်ဆိုတာကို သတိရပေးပါ။ အဖြစ်အပျက်တွေက ကိုယ့်အတွေးတွေအတိုင်း စိတ်ကလုပ်ဆောင်ဖြစ်ပျက်နေတာပါပဲ။ မိမိရဲ့ အတွေးတွေက မိမိရဲ့ဘဝအပေါ် နည်းလမ်းမျိုးစုံနဲ့တိုက်ရိုက်လွှမ်းမိုးသက်ရောက်မှုရှိနေပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့သူတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေနဲ့ အခြားသောစိတ်ပိုင်း ဆိုင်ရာ အပျက်သဘောဆောင်မှုတွေကနေ ရုန်းထွက်လွတ်မြောက်နိုင်ကြပါတယ်။ အကောင်းမြင်တတ်သူတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ခံစားရတာမျိုး နည်းပါးသလို ကိုယ်ခန္ဓာပိုင်းမှာလည်း ရောဂါကြီးကြီးမားမား ခံစားရတာမျိုးမရှိပါဘူး။ အကောင်းမြင်တဲ့စိတ်ထားက စိတ်ရှုပ်ထွေးပြီး စိတ်ထိခိုက်နေသူတွေအတွက် ကုသမှုတစ်ရပ်ပဲဖြစ်ပါတယ်။

အကောင်းမြင်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်၊ လို့သိပ္ပံနည်းကျ လေ့လာမှုတွေမှာ အထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်ခြင်းက ယုံကြည်မှု ပိုမိုရရှိစေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေတဲ့အပြင် သွေးတိုးရောဂါ၊ စိတ်ဓာတ်ကျခြင်း နဲ့ အခြားသော စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ ဝေဒနာတွေလိုမျိုး ဝေဒနာတွေဖြစ်ပေါ် ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အကောင်းမြင်စိတ်ကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို သိရှိနိုင်စေဖို့မျှဝေပေးလိုက်ပါတယ်။

အကောင်းမြင်စိတ်ကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကို တိုးတက်စေနိုင်ခြင်း

သေလုဆဲဆဲဖြစ်နေတဲ့သူတွေ (သို့) အရမ်းကိုနာမကျန်းဖြစ်နေတဲ့သူတွေ သူတို့ဘဝမှာဒုတိယအကြိမ် ထမြောက် ရှင်သန်ခွင့်ရခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဆန်းတွေကိုကြားဖူးကြမယ်ထင်ပါတယ်။ တစ်ခါတလေမှာ သေလုဆဲဆဲ အနေအထားကနေ ပြန်လည်ရှင်သန်လာရတဲ့အကြောင်းအရင်းက ရှင်းပြဖို့ တော်တော်ခက်ခဲလှပါတယ်။ ဒါကလည်း လူနာတွေရဲ့ ဆိုးရွားလှတဲ့ အနေအထားတွေကနေလွတ်မြောက်လိုတဲ့ဆန္ဒ နဲ့ အသက်ရှင်လိုစိတ်ပြင်း တာတွေက အဓိအရင်းခံအကြောင်းအရင်းတွေဖြစ်ကြပါတယ်။ သူတို့အနေနဲ့ အကောင်းမြင်စိတ်ထားမယ်ဆိုရင် သူတို့က ဆက်လက်ရှင်သန်နေမှာပဲဖြစ်ပါတယ်။ သိပ္ပံနည်းကျ ဖြေရှင်းချက်တွေအရ အကောင်းမြင်တဲ့ စိတ်ကူး တစ်ရပ် အကောင်းမြင်တဲ့စိတ်ကူးလေးတစ်ခုလောက်တွေးတောလိုက်တာက ဦးနှောက်တွင်းကဆဲလ်တွေက ခန္ဓာကိုယ်တစ်ခုလုံးကဆဲလ်တွေကို အကောင်းမြင်စိတ်သဘောထားကို တုံ့ပြန်ဖို့ သတင်းပို့လိုက်ပါတယ်။ စွမ်းအင် ပြည့်ဝသွားတဲ့စိတ်ဆန္ဒက အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

တခါတလေ စိတ်ခံစားချက်ဆိုတာက တကယ်ဖြစ်နေတာမှမဟုတ်ဘဲ အရေးမကြီးပါဘူးလို့တွေးကောင်းတွေးမိနိုင် ပါတယ်။ ဥပမာပြောပြရရင် သင်မအီမသာခံစားရတဲ့အခါ သင်ဖျားနေပြီဆိုတာကို သင့်စိတ်ကပြောပြနေတာမျိုး ဖြစ်နိုင်ပါတယ်။ အမှန်က သင့်အနေနဲ့ တအားပင်ပန်းနေပြီး အနားယူဖို့လိုအပ်နေတာကို စိတ်ထဲက သိနေတဲ့သဘောပါပဲ။ တကယ့်ကိုဖျားသွားတာမျိုးတော့မဟုတ်သေးပါဘူး။ နေမကောင်းဖြစ်ချင်တာလား၊ နေကောင်းချင်တာလားဆိုတာက သင့်စိတ်တိုင်းကျရွေးချယ်မှုအပေါ်မှာ မူတည်လို့နေပါတယ်။ အရာအားလုံးက စိတ်ကတွေးတောကြံဆတဲ့အတိုင်းဖြစ်နေတာပါ။

ပူပန်မှုနဲ့စိတ်ဖိစီးမှု ကင်းစင်အောင်နေထိုင်ခြင်း

အဆိုးမြင်တဲ့စိတ်ကူးက ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်မှာပါ။ စိတ်ဖိစီးမှုတွေက  စ်ုးရိမ်ပူပန်မှုတွေကိုဖြစ်စေပြီး ရှိပြီးသားစိုးရိမ်ပူပန်မှုတွေကိုလည်း ပိုဆိုးစေပါတယ်။ ကြီးမားတဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဆိုးမြင်စိတ်ကူးကစိတ်ထဲမှာ အကြိမ်ကြိမ်ပေါ်ပေါက်လာတဲ့အခါ လူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုအပိုင်းမှာ ဆိုးကျိုးသက်ရောက်တာမျိုးတွေရှိလာမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေကပဲ စိတ်မူမမှန်တာနဲ့ စိတ်ရောဂါတွေကို ဖြစ်စေနိုင်တာဖြစ်ပါတယ်။

လူတွေအသိစိတ်ပျောက်သွားတယ်။ ရူးသွားတယ်ဆိုတယ်ဆိုတာမျိုးတွေကြားဖူးမှာပါ။ အဆိုးမြင်လွန်းတဲ့ အတွေးတွေ စိတ်ထဲပြည့်နှက်သွားတဲ့အခါ အဆိုးမြင်စိတ်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာကြောင့် အသိစိတ်ပျောက်တာတွေ၊ရူးသွပ်တာတွေဖြစ်လာရတာဖြစ်ပါတယ်။ သင်တို့မှာလည်း စိုးရိမ်စရာတွေရှိနေရင် ကိစ္စ ကြီးကြီး ၊ ငယ်ငယ်အရမ်းကြီးတွေးတာမျိုးမလုပ်ပါနဲ့။

စိုးရိမ်စရာတွေကို တအားကြီးတွေးနေမယ့် အစားဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ ဘ်လိုရင်ဆိုင်ကျော်လွှားရမလဲ ဆိုတဲ့နည်းလမ်းတွေကိုပဲတွေးပါ။ အကြွေးတွေတင်နေတယ်ဆိုပါစို့။ ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူး လို့ဘယ်တော့မှမတွေးပါနဲ့။ အဲ့လိုမျိုးတွေတာက အထောက်အကူမရဘဲ တစ်ပူပေါ်တစ်ပူဆင့်ပြီး စိုးရိမ်စရာပဲတိုးလာပါလိမ့်မယ်။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။

ချင့်ချင့်ချိန်ချိန် အေးအေးဆေးဆေး တွေးတောစဉ်းစားနိုင်စေခြင်း

အကောင်းမြင်တာက ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့စဉ်းစားဆင်ခြင်နိုင်မှုကိုရရှိ စေနိုင်ပြီး ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ အထောက်အကူပြုပါတယ်။ စိတ်က ခိုင်မာတဲ့ စိတ်ကူးတွေကိုတွေးတောမယ်ဆိုရင် ဆုံးဖြတ်ချက်က ကျိုးကြောင်းညီညွတ်ပြီး ထိရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်မျိုးကိုချမှတ်နိုင်မှာဖြစ်ပါတယ်။

အကောင်းမြင်စိတ်က အရည်အသွေးကိုတိုးတက်စေနိုင်ခြင်း

မိနစ်အနည်းငယ်လောက်ပဲ ကောင်းမွန်တဲ့ခံစားချက်လေးတွေရရှိပြီးရင် အကောင်းမြင်စိတ်ရဲ့ အကျိုးကျေးဇူးကို ရရှိမှုက အဆုံးမသတ်ပါဘူး။ အကောင်းမြင်စိတ်ရဲ့ အကြီးမားဆုံးသော အကျိုးကျေးဇူးက အရည်အသွေးတွေ တည်ဆောက်နိုင်စွမ်းကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။

အကောင်းမြင်စိတ်ကို ဘယ်လိုပျိုးထောင်မလဲ

 အကောင်းမြင်စိတ်က ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တာကြောင့် အကောင်းမြင်စိတ်ကို ပျိုးထောင်နိုင်မယ့် အယူအဆလေး ၃ ရပ်ကိုမျှဝေပေးလိုက်ပါတယ်။

တရားထိုင်ပါ။ –  နေ့စဉ် တရားထိုင်တာက အကောင်းမြင်စိတ်ကူးကို ပိုမိုရရှိစေပါတယ်။ တရားပုံမှန်ထိုင်တဲ့ သူတွေက အဖိုးတန်တဲ့ ရေရှည်အရည်အသွေးတွေကို   ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။   လေ့လာမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ နေ့စဉ်တရားထိုင်သူတွေက စိတ်တညငြိမ်သလို၊ လူမှုဆက်ဆံရေးမှာလည်း အထောက်အပံံ့ရရှိစေတဲ့အပြင် နာမကျန်းဖြစ်မှုတွေကိုပါ ကျဆင်းစေနိုင်ပါတယ်။

စာရေးပါ။ –  လေ့လာမှုတစ်ရပ်မှာ အုပ်စု ၂ စုခွဲပြီး တစ်စုကို တစ်နေ့တာမှာတွေ့ကြုံခဲ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ကို ၃ ရက်ဆက်တိုက်ရေးချခိုင်းပါ။ နောက်တစ်ဖွဲ့ကိုတော့ အခြားအကြောင်းအရာတွေကိုပဲ ရေးခိုင်းခဲ့ပါတယ်။

၃ လကြာတဲ့အခါမှာတော့ ကောင်းမွန်တဲ့ အတွေ့အကြုံကို ချရေးတဲ့သူတွေက စိတ်ခံစားမှုပိုမိုကောင်းမွန် လာတာကိုတွေ့ရှိသလို နာမကျန်းဖြစ်တာလည်းလျော့ပါးသွားတာကိုတွေ့ရှိခဲံရပါတယ်။

စိတ်ဝင်စားတဲ့ အားကစားတစ်ခုခုကိုလုပ်ပေးပါ။ (ကစားပေးပါ။) – တစ်နေ့တာအချိန်ထဲမှာ အစည်းအဝေးတက်တာ၊ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တာနဲ့ အပတ်စဉ်လုပ်ငန်းတွေလုပ်ဆောင်တာအပြင် နေ့စဉ်လုပ်ငန်း ဆောင်တာတွေအတွက် အချိန်ခွဲဝေသတ်မှတ်မှုထဲမှာ ကသားရမယ့်အချိန်ကိုလည်း ထည့်သွင်းသတ်မှတ် ပေးပါ။

သင့်ကိုယ်သင် ရယ်မောပြုံးရွှင်ချိန်ပေးပြီး အကောင်းမြင်စိတ်ရဲ့ကောင်းကျိုးကိုခံစားလိုက်ပါ။ အားကစား တစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် စိတ်ဝင်စားတဲ့ ကစားနည်းတစ်ခုခုကိုလုပ်ဖို့ အချိန်ပေးလိုက်တာက အရည်အချင်း သစ်တွေတိုးတက်ရရှိစေပြီး ပျော်ရွှင်မှုကိုလည်းရရှိစေမှာဖြစ်ပါတယ်။

အကောင်းမြင်တဲ့စိတ်ထားရှိစေနိုင်ဖို့ လက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းများ

အကောင်းမြင်စိတ်နဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။

တစ်နေ့တာလုံးမှာ အကောင်းမြင်စိတ်လေးဖြစ်ပေါ်နေစေဖို့ဆိုရင် အရာရာအဆင်ပြေနေမှာဖြစ်ပါတယ်။ မနက်ခင်းမှာ စတင်တဲ့ပုံစံကတစ်နေ့တာလုံးအပေါ်အကျိုးသက်ရောက်မှုရှိနေစေမှာဖြစ်တာကြောင့် မိုးလင်း အိပ်ယာကနိုးထလာစဉ်ကတည်းက စိတ်ကိုကြည်လင်နေအောင်ထားရှိရမှာဖြစ်ပါတယ်။ မိမိကိုယ် မိမိမှန်ထဲမှာကြည့်ပြီး ဒီနေ့ကကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါ၊လို့ ပြောလိုက်ပါ။ တစ်နေ့တာလုံးကောင်းတာတွေဖြစ်လာမှာပါ၊လို့ ရေရွတ်ပေးပါ။

ကောင်းမွန်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ပါ။

နေ့တိုင်းနီးပါးလောက်ကို တွေ့ကြုံနေရတာက အခက်အခဲမရှိဘဲတစ်နေ့တာမပြီးဆုံးသွားတာပဲဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့နေ့ရယ်ဆိုတာက မရှိသလောက်ကိုရှားပါတယ်။ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း ပြဿနာအခက်အခဲထဲကနေ အမြတ်ရအောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဥပမာပြောပြရရင် ကားလမ်းပိတ်လို့ သွားလိုပလာလို့မရဖြစ်နေတဲ့အခါမျိုးမှာ အကြိုက်ဆံးသီချင်းကိုနာ်းထောင်တာမျိုးဖြစ်ဖြစ်၊ ကိယ့်စားချင်တဲ့ အစားအသောက်တစ်ခုခုကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဖတ်ရှု့တာမျိုးဖြစ်ဖြစ်လုပ်ပါ။ ဒါမှမဟုတ် ကိုယ့်အတွက် အသိအမြင်အသစ်တစ်မျိုးမျိုး တိုးစေမယ့်ကိစ္စတစ်ခုခုကိုလုပ်ဆောင်ပေးပါ။

ဆိုးဝါးတဲ့အခြေအနေတွေထဲကနေ ပျော်ရွှင်စရာကိုဖွေရှာပါ။

ဆိုးဝါးလှတဲ့အခြေအနေတွေနဲ့တွေ့ကြုံရတဲ့အခါမှာပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားခဲ့ရက်နဲ့ ရှုံ;နိမ့်ခဲ့တာမျိုးပဲဖြစ်ဖြစ် စိတ်ဓာတ်မကျဘဲ အဆိုးဆုံးအနေအထားကို နောင်တစ်ချိန်မှာ ဟာသလေးနှောပြီးပြောနိုင်ဖို့ကြိုးစားပါ။ ဒီအခြေအနေက နောက်ပိုင်းမှာကိုယ့်အတွက်ကောင်းမွန်တဲ့ ဖြစ်ရပ်တစ်ခုအဖြစ်ကျန်ရှိနေစေအောင်လုပ်ဆောင်ပြီး အားအဖြစ်မွေးမြူအသုံးချပါ။

ရှုံးနိမ့်မှုကကနေ သင်ခန်းစာယူပါ။

လူတိုင်းမပြည့်စုံနိုင်ပါဘူး။ အမှားကင်းတဲ့လူရယ်လို့မရှိပါဘူး။  အမှားတွေကနေသင်ခန်းစာတွေရယူပါ။ အမှားပေါ်မှာ အာရုံစိုက်နေမယ့်ကနေအစား အမှားထဲကနေသင်ခန်းစာယူပြီး နောက်တစ်ခါမမှားအောင် လုပ်ဆောင်ပါ။

ပစ္စုပန်မှာအာရုံစိုက်ပါ။

ပစ္စုပန်ဆိုတဲ့နေရာမှာ ဒီနေ့၊ဘယ်အချိန်ရယ်လို့ပြောနေတာမဟုတ်ပါဘူး။ လက်ရှိဖြစ်နေတဲ့ အခြေအနေအထားပေါ်မှာအာရုံစိုက်ထားပြီး အကောင်းဆုံးဖြစ်အောင်ဖန်တီးပါ။

အပြုသဘောဆောင်တဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပေါင်းပါ။

မိမပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့သူတွေနဲ့ ဖန်တီးတည်ဆောက်ပါ။ အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေနဲ့သဘောထားတွေက ကောင်းမွန်တဲ့အရာတွေကိုဖြစ်ပေါ်စေပါတယ်။ အကောင်းမြင်တဲ့သူတွေနဲ့ မိမပတ်ဝန်းကျင်ကိုဖန်တီးဖို့ဆိုတာက သိပ်မလွယ်ကူလှဘူးဆိုပေမယ့် အဆိုးမြင်တဲ့သူတွေနဲ့ မပေါင်းမိအောင်တော့နေသင့်ပါတယ်။ ဒါမှသာ ဘဝမှအကောင်းဆုံးသောအရာတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly