စပါးတပ်မော်စကိုနှင့် သရေကျသော်လည်း ရှုံးထွက်အဆင့်သို့ လီဗာပူးလ်ရောက်နိုင်ဟု ကလော့ပ်ဆို

စပါးတပ်မော်စကိုနှင့် သရေကျသော်လည်း ရှုံးထွက်အဆင့်သို့ လီဗာပူးလ်ရောက်နိုင်ဟု ကလော့ပ်ဆို

စက်တင်ဘာ ၂၇၊ လီဗာပူးလ်။           ။ ချန်ပီယံလိဂ်တွင် စပါးတပ်မော်စကိုအသင်းနှင့်တစ်ဂိုးစီသရေကျပြီး နောက်ထပ်နှစ်မှတ်ထပ်မံဆုံးရှုံးသွားသော်လည်း လီဗာပူးလ်အသင်း အနေဖြင့် ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ဆဲဖြစ်ကြောင်း နည်းပြကလော့ပ်ကပြောသည်။

လီဗာပူးလ်အသင်းသည် စပါးတပ်မော်စကိုအသင်းကို ခြေစွမ်းအသာဖြင့်ကစားနိုင်ခဲ့သော်လည်း တိုက်စစ်ပိုင်းမှဖြုန်းတီးမှုများ ကြောင့် အုပ်စု (င) ပွဲစဉ်တစ်ပွဲတွင် တစ်မှတ်သာရခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်နည်းပြကလော့ပ်က “ကျွန်တော်တို့အနေနဲ့ နောက်တစ်ဆင့်ကိုတက်နိုင်စွမ်းအပြည့်ရှိပါတယ်။ တံခါးဖွင့်ထားပေမယ့် ကျွန်တော်တို့ဘက်ကလည်း ဝင်သွားဖို့လိုပါတယ်။ စိတ်အေးအေးထားပြီး ပြင်းပြင်းထန်ထန်ကြိုးစားရင် အဆင်ပြေသွားမှာပါ။

ကျွန်တော်တို့က ကမ္ဘာပေါ်မှာကံအကောင်းဆုံးအသင်းမဟုတ်ပေမယ့် တခြားအသင်းရဲ့ခံစစ်ကိုအလုပ်ရှုပ်စေမယ့် အခွင့်အလမ်း တွေအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။

အုပ်စုအဆင့်ကနေကျော်နိုင်ဖို့ ပြီးခဲ့တဲ့နှစ်ပွဲလုံးကိုအနိုင်ရရင်ကောင်းမှာဖြစ်ပေမယ့် အနိုင်ရအောင်မကစားနိုင်ခဲ့တာကတော့ ကျွန်တော်တို့အမှားပါ။ ရလဒ်ကောင်းတွေမရပေမယ့် ကောင်းတဲ့အရာတွေတော့အများကြီးရှိခဲ့ပါတယ်။

ကျွန်တော်တို့ဘာလို့အနိုင်မရလဲဆိုတာက မေးခွန်းကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကံမကောင်းခဲ့ဘူး။ ပြိုင်ဘက်ဂိုးသမား နှစ်ယောက်စလုံးကောင်းတယ်။ ခံစစ်ပိုင်းမှာ အမှားတစ်ချို့ရှိခဲ့တယ်”ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags